သိပ္ပံ ဇာတ်ကား တခုတွင် ကီရာ နိုက်တလေ ပါဝင် သရုပ်ဆောင်မည်

alt

Pirates of Caribbean ဖြင့် တဟုန်ထိုး လူသိ များလာသော ရုပ်ရှင်မင်းသမီး ကီရာ နိုက်တလေ သည် စိတ်ကူးယဉ် သိပ္ပံဇာတ်ကား တခုတွင် ပါ၀င် သရုပ်ဆောင်ရန် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်သည်။

အသက် (၂၂)နှစ် အရွယ် မင်းသမီး ချောလေးသည် Never Let Me Go ဇါတ်ကား အတွက် သရုပ်ဆောင်ပေးရန် သဘောတူညီ လိုက်ပြီ ဖြစ်သည်။ ထိုဇါတ်ကားမှာ Clone များကို ဇာတ်အိမ် တည်ပြီး ရိုက်ကူးထားသည့် Drama ဇာတ်ကား တကားဖြစ်ပြီး ကာဇို အစ်ဆင်း ဂူယို ၏ စာအုပ်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို လန်ဒန် နှင့် နောဖော့ တို့တွင် လာမည့် လမှ စပြီး ရိုက်ကူး သွားမည်ဟု ဒါရိုက်တာ မက်ရို မာနက် က ပြောကြားလိုက်သည်။ နာမည်ကျော် Duchess ဇာတ်ကားတွင် ပါ၀င်ခဲ့သည့် ကီရာ နိုက်တလေ ကမူ ယခု ဇာတ်ကား၏ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီး သဘောကျသဖြင့် လက်ခံခဲ့ခြင်းဟု Never Let Me Go ဒါရိုက်တာ မက်ရို မာနက် က ရှင်းပြ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here