ကြက်ဥပုပ်မှ အနံ့ဆိုးသည် အမျိုးသားများ အတွက် ကာမ အားတိုးဆေးဖြစ်ဟုဆို

alt

ကြက်ဥပုပ်မှ ရရှိတတ်သည့် ဆိုးရွားသော အနံ့သည် အမျိုးသားများ အတွက် လိင် အားတိုးဆေး တမျိုး အဖြစ် မှတ်ယူ နိုင်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက ထုတ်ဖေါ် ပြောကြားလိုက်သည်။

ဟိုက်ဒြိုဂျင် ဆာလဖိုက် သည် အမျိုးသား များ၏ လိင်ပိုင်းဆိုင်ရာ အာရုံများကို အားကောင်း လာအောင် နှိုးဆွ လှုံ့ဆော် ပေးနိုင်ကြောင်း ပညာရှင်များက ဖော်ထုတ် တွေ့ရှိပြီးနောက် အဆိုပါ ဓာတ်ငွေ့ ကြွယ်ဝစွာ ပါရှိခိုအောင်း နေသော ကြက်ဥပုပ် များကိုလည်း အမျိုးသား အားတိုးဆေး အဖြစ် သတ်မှတ် လာခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ငွေ့ရနံ့ကို ရရှိချိန်တွင် အမျိုးသားများ၏ သွေးကြောများ အတွင်း သွေးများ ပိုမိုတိုးဝင် လာပြီး အာရုံကြော နှင့် ကြွက်သားများကို ပိုမိုတောင့်တင်း သန်မာ လာစေကြောင်း တွေ့ရှိချက်များ အရ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

နီပေါ တက္ကသိုလ်မှ သုတေသန ပရော်ဖက်ဆာ ကရီနို က ဘဲဥပုပ်နံ့သည် သဘာဝ ဗီအာဂရာ ဆေးအဖြစ်ပင် တင်စားပြောဆို သွားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here