အင်္ဂါဂြိုဟ် ပေါ်တွင် မြစ်ချောင်းများ စီးဆင်း နေခဲ့ဟုဆို

alt

မားစ်ဂြိုဟ် ပေါ်တွင် မကြာသေးမီ အချိန်ကထိ မြစ်ချောင်းများ စီးဆင်း နေခဲ့ကြောင်း ယူဆရသည့် ဓာတ်ပုံ မှတ်တမ်းများကို နာဆာက ရရှိခဲ့ ပြီးနောက် မားစ်ဂြိုဟ်တွင် သက်ရှိများ နေထိုင်ခဲ့ကြောင်း ကောက်ချက်များကို ပိုမို အားကောင်း လာစေခဲ့သည်။

ရေခဲမြစ်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆရသော မြစ် လမ်းကြောင်းများကို သက်သေအဖြစ် ခိုင်ခိုင်မာမာ တွေ့ရှိခဲ့ပြီဟု မားစ်ဂြိုဟ် လေ့လာရေး ပညာရှင်များက ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း (၄.၆) ဘီလျံခန့်က နေအဖွဲ့ အစည်းအတွင်း၌ အတူစတင် ပေါ်ထွန်းလာသည်ဟု ယူဆရသော မားစ်ဂြိုဟ်တွင် ပြီးခဲ့သည့် နှစ်ပေါင်း (၁.၂၅) သန်းမှ စတင်ကာ မကြာမြင့်မီ အချိန်အထိ မြစ်ချောင်းများ ရှိနေခဲ့ပြီး ဖြစ်ကြောင်း သုတေသီများက မှတ်ချက် ချခဲ့သည်။

အမေရိကန် အာကာသ စခန်းရှိ မားစ်ဂြိုဟ် လေ့လာရေး အတွက် တပ်ဆင်ထားသော အလွန် အားကောင်းသည့် မှန်ပြောင်းများ မှတဆင့် ရရှိခဲ့သော ပုံရိပ်များတွင် ယခုကဲ့သို့ မြစ်ချောင်းများ ဖြတ်သန်း စီးဆင်းခဲ့သည့် အခြေအနေများကို ထောက်လှမ်း သိရှိလာခြင်းဟု နာဆာက အတည်ပြု ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here