ဘဝ မာတိကာ { ကဗျာ စာအုပ်အညွှန်း }

Click to enlarge

“ကောင်းကင်တော် တမ်းချင်း” ကဗျာနဲ့ ပြည်တွင်းမှာ လူသိများ ကျော်ကြားခဲ့သော ကဗျာဆရာ မောင်အောင်ပွင့်ရဲ့   ထုတ်ဝေခွင့် မရတဲ့ ကဗျာများကို  စုစည်းပြီး သားဖြစ်သူ မောင်ကြီးငြိမ်းချမ်း နဲ့  ကိုစွမ်းမြိုင် တို့က စီစဉ်ကာ ကဗျာချစ်သူတွေ စာအုပ် အဖြစ် မှတ်မှတ်ရရ သိမ်းထားနိုင်ဖို့  “ ဘဝ မာတိကာ ” ဆိုတဲ့ ကဗျာစာအုပ်ကို ယခုလ ထဲမှာပဲ ဖင်လန်နဲ့ ထိုင်းနိုင်ငံကနေ နိုင်ငံတကာကို  ဖြန့်ချီပါမယ်။

ယင်း ကဗျာ စာအုပ်ကို မြန်မာ – အင်္ဂလိပ် ၂ ဘာသာ နှင့် ခွပ်ဒေါင်း ပုံနှိပ်တိုက် မှ တကမာ္ဘလုံးကို ဖြန့်ချီမှာ ဖြစ်ပြီး၊ ဆရာအောင်ပွင့်ရဲ့ ကဗျာစာအုပ်ကို ဆရာကြီး မောင််သာနိုး အင်္ဂလိပ်လို ဘာသာပြန် ပေးပြီး   ကဗျာစာအုပ်ကို အတွင်းပန်းချီ ဆရာထိန်လင်း၊ ကိုဇေလတ် တို့ ခြယ်မှုန်းကာ စာအုပ်အပြင် အဆင် လေးအောက်ကို ကိုမောင်နိုင်က ပြုလုပ်ပေးပြီး၊  လှပသေသပ်တဲ့ အော့(ဖ်)ဆက်  စာအုပ်အချော ကို ပြည်ပမှာ ယခုမတ်လမှာ စတင် ထုတ်ဝေ ဖြန့်ချီတော့မှာ ဖြစ်ကြောင်း သတင်း ကောင်းပါးအပ် ပါတယ်။

ကဗျာဆရာ အောင်ပွင့်ရဲ့ ဘယ်စာမျက်နှာမှာမှ မှတ်ကျောက် မတင်ရသေးတဲ့ စာပေ ကဗျာမွန်တွေကို သိမြင် အကဲဆတ် ခွင့်ရကြတော့ မှာပါ။ စာအုပ်မှာ ယူလိုပါက [email protected] သို့လည်း ဆက်သွယ်ကာ အသေးစိတ် မေးမြန်း နိုင်ပါတယ်။ ။      

ကဗျာ စာအုပ် တိုက်ရိုက် မှာယူရန် လိပ်စာ
ငြိမ်းချမ်းအောင်
jaamantie 23 h 65
70150 Kuopio
Finland
အီးမေးလ် [email protected]
တယ်လီဖုန်း +3580440888016

အယ်ဒီတာ (လူထုအသံ)

LEAVE A REPLY

Please enter your comment!
Please enter your name here