သွေးကင်ဆာ ကုသ ပျောက်ကင်းစေမည့် ဆေးတမျိုး ဖော်ထုတ်နိုင်ပြီ

alt

သွေးကင်ဆာကို ကုသ ပျောက်ကင်းစေမည်ဟု ယုံကြည်ရသော ပထမဆုံး ဆေးဝါးတမျိုးကို ဖော်ထုတ်နိုင်ပြီဟု ဗြိတိန် ဆေးသိပ္ပံ ပညာရှင်များက မတ်လ (၄) ရက်နေ့က ကြေငြာ လိုက်သည်။

Vidaza ဟုအမည် ပေးထားသော အဆိုပါ ဆေးသည် သွေးကင်ဆာ ဖြစ်ပွားပြန့်နှ့ံစေသည့် အခြေခံ အကြောင်း အရင်းများကို တိုက်ဖျက်ပေးမည်ဟု ယူဆရကြောင်း သိရသည်။ ထိုဆေးသည် ခန္ဓာကိုယ်အတွင်း ကျန်းမာ သန်စွမ်းသော သွေးဆဲလ်များ ဖြစ်ပေါ်စေရန်လည်း လှုံ့ဆော်ပေးကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ သွေးကင်ဆာ သုတေသနဌာန သိပ္ပံဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ရှာဘင် ဆရက်က ယခုဆေးဝါးသည် သွေးကင်ဆာရောဂါ ခံစားနေရသည့် ဝေဒနာရှင်များ အတွက် မျှော်လင့်ချက် အသစ်ပင်ဖြစ်ကြောင်း ထောက်ခံခဲ့သည်။ ယခုအခါ ဆေးခန်းများတွင် နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဟု သတ်မှတ် ခံထားရသည့် သွေးကင်ဆာ ဝေဒနာသည်များ နှင့် ဆေးရုံတွင် ကာလ ကြာမြင့်စွာ တက်ရောက် ကုသခံနေရသည့် လူနာများအား ဆန္ဒကောက်ခံပြီး ထိုဆေးဝါးကို စမ်းသပ် သုံးစွဲသွားမည်ဟု သိရသည်။

ထိုဆေး၏ အာနိသင်ကို အသေအချာ မသိရသေးဘဲ ဖြန့်ဖြူး ရောင်းချခြင်း မပြုသေးပါဟုလည်း ဒေါက်တာ ရှာဘင်က ဆိုသည်။ ကုသ ခံယူလိုသူများ ယခု ဆေးဝါး အသုံးပြုလိုခြင်း ရှိမရှိကို ကာယကံရှင် လူနာ၏ ဆန္ဒအတိုင်း မေးမြန်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခု ဆေးသည် သွေးကင်ဆာ လူနာများ အတွက် ကောင်းမွန်သော တုန့်ပြန်မှုများ ရရှိလာမည်ဟု မျှော်လင့်ပါကြောင်း ပညာရှင်များက ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here