မိုက္ကရိုဆော့ဖ် ၏ Search Engine အသစ် စမ်းသပ်လျှက် ရှိနေ

alt

အင်တာနက် ရှာဖွေရေး ၀န်ဆောင်မှု အတွက် Google နှင့် Yahoo တို့အား ထိပ်တိုက် ရင်ဆိုင်သွားရန် Microsoft သည် Kumo အမည်ရှိ Search Engine အသစ်တခုကို အစပြု စမ်းသပ်နေပြီဟု သိရသည်။

Kumo ဆိုသော စကားလုံးသည် ဂျပန်ဘာသာမှ ယူထားခြင်း ဖြစ်ပြီး ပင့်ကူ (သို့မဟုတ်) မိုးတိမ်ဟူသော အဓိပ္ပါယ် ရှိကြောင်း Microsoft ကဆိုသည်။ Livesearch အစီအစဉ်ဖြင့် အင်တာနက် ရှာဖွေမှု အခန်းကဏ္ဍကို ဖောက်ဝင် ခဲ့သေးသော်လည်း မအောင်မြင်ခဲ့သော Microsoft အတွက် kumo ရှာဖွေရေး အင်ဂျင်သည် မျှော်လင့်ချက် အသစ်ဖြစ်ကြောင်း Microsoft ၏ ရှာဖွေရေး ဆိုင်ရာဌာန တာဝန်ရှိသူ တေလာ ဆွစ် က ယမန်နေ့က ရက်မွန် ဋ္ဌာနချုပ်တွင် ပြောကြား လိုက်သည်။

Google ၏ အင်တာနက် ရှာဖွေရေး ၀န်ဆောင်မှု လုပ်ငန်းအား လက်ဝါးကြီး အုပ်ထားမှုအား တွန်းလှန်နိုင်ရန် Kumo ကို အကောင်းဆုံး တည်ဆောက် သွားမည်ဟုလည်း ဆွစ် ကဆိုသည်။ Kumo သည် Google ၏ ပြိုင်ဘက်ကောင်း ဖြစ်လာမည် ဖြစ်ပြီး၊ မိုက်ခရိုဆော့(ဖ်) သည် Yahoo အား Google က ယမန်နှစ် အတွင်း ၀ယ်ယူရန် ကြိုးစားမှု မအောင်မြင်ခဲ့သည့် နောက် ဖန်တီးခဲ့သည့် ရလဒ်တခု ဖြစ်ပြီး ယခုအခါတွင် စမ်းသပ် အဆင့်သို့ ရောက်ရှိနေပြီဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here