မြန်မာ စစ်အစိုးရပိုင် စီးပွားရေး လုပ်ငန်းအချို့ ဋ္ဌားရမ်း လုပ်ကိုင်ခွင့် လေလံတင်မည်

alt

မြန်မာ စစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်း အချို့တို့ ငှားရမ်း လုပ်ကိုင်ခွင့် အတွက် လေလံ တင်သွားမည် ဖြစ်ပြီး အစိုးရပိုင် မော်တော်ယာဉ် အချို့ကိုလည်း တင်ဒါ စနစ်ဖြင့် ရောင်းချ သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ကြေငြာ လိုက်သည်။

အဆိုပါ တင်ဒါနှင့် လေလံပွဲများကို မတ်လ၊ (၁၁) ရက်နေ့ နှင့် (၁၂) ရက်နေ့ များတွင် ပြုလုပ် သွားမည်ဖြစ်ပြီး၊ ငှားရမ်းသွားမည့် လုပ်ငန်းများတွင် ပန်း ဥယျာဉ်ဆိုင်ရာ လုပ်ငန်းများ၊ မော်တော်ကား ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ၊ ရန်ကုန်မြို့တော် ဂေါက်ကွင်း အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းနှင့် အရက်၊ ဆေးလိပ်တို့ မပါသော ကြော်ငြာဘုတ် ဝန်ဆောင် လုပ်ငန်းများ ပါ၀င်သည်ဟု ဆိုသည်။

ထို့အပြင် အစိုးရ လုပ်ငန်းသုံး မော်တော်ယာဉ် များကိုလည်း လေလံစနစ်၊ တင်ဒါစနစ်များနှင့် ရောင်းချ သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မတ်လ (၄) ရက်နေ့က ထုတ်ပြန် ကြေငြာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here