သူမ၏ သွယ်လျသည့် ခန္ဓာကိုယ် အတွက် ဂျနီဖာ အင်နစ္စတန် ဂုဏ်ယူနေ

alt

ဂျင်နီဖာ အင်နစ္စတန် က သူမသည် ဟောလီးဝုဒ် ရုပ်ရှင် လောကတွင် အောင်အောင်မြင်မြင် ရပ်တည်နေရေး အတွက် သူမ၏ သွယ်လျသော ခန္ဓာကိုယ် ကလည်း အရေးပါ နေကြောင်း အင်တာဗျူး တခုတွင် သုံးသပ် ပြောဆိုလိုက်သည်။

အသက် (၄၀) အရွယ် ရှိနေပြီ ဖြစ်သော မင်းသမီးသည် သူမ၏ အနုပညာ လုပ်ငန်းအတွက် ကိုယ်အလေးချိန်ကို စောင့်ကြည့် နေရခြင်းသည်လည်း အဓိက လုပ်ဆောင်မှု တခုဟု ၀န်ခံခဲ့သည်။

သူမ အနေနှင့် ဟမ်ဘာဂါကို အလွန် ကြိုက်သော်လည်း ကိုယ်အလေးချိန် တက်လာမည် စိုးသောကြောင့် များများ မစားရဲဟုလည်း အင်နစ္စတန် က ပြောကြားခဲ့သည်။ထို့အပြင် သူမသည် ဂျိမ်းစ်ဘွန်း ဇါတ်ကားတွင် မင်းသမီး အဖြစ် ပါ၀င် လိုကြောင်းလည်း အင်နစ္စတန်က ဆိုသည်။

သူမ အသက်သည် အဓိက ပြဿနာ တခုဟု မမြင်မိကြောင်း၊ အသက် (၄၀) အရွယ် မင်းသမီးတဦး အနေနှင့် ဘွန်း ဇာတ်ကားများတွင် သရုပ်ဆောင်ရန် အခွင့်အရေး မရှိဟု ယူဆ မထားကြောင်း ဟောလီးဝုဒ် နာမည်ကျော် မင်းသမီးချောက ဗြိတိန်ထုတ် Elle မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here