ဒေးဗစ် ဘက်ဟမ်းကို ပမာပြ၍ ရော်နယ်ဒင်ဟို ကို အေစီမီလန် နည်းပြ ပြစ်တင်ဝေဖန်

alt

အေစီ မီလန် အသင်းနည်းပြကြီး ကာလို့(စ်) အန်စလော့တီ က သူ၏ အသင်းမှ နာမည်ကျော် ကစားသမား နှစ်ဦး အနက် ဒေးဗစ် ဘက်ဟမ်း ကို ချီးကျူးပြီး ရော်နယ်ဒင်ဟို ကို ပြစ်တင် ဝေဖန် လိုက်သည်။

အန်စလော့တီက ဘက်ဟမ်း သည် အသင်းသို့ ကာလတို စာချုပ်ဖြင့် ရောက်လာ ကတည်းက မခိုမကပ်ဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်သလို အသင်း အတွက်လည်း ခြေစွမ်း ပြနိုင်ကြောင်း ချီးမွမ်း ပြောကြားလိုက်ကာ အဆိုပါ အင်္ဂလန် လက်ရွေးစင်သည် ၎င်း၏ မိခင်ကလပ် လော့စ် အိန်ဂျယ်လိစ် ဂလက်ဆီ မှ အေစီ မီလန်သို့ အပြီး ပြောင်းရွှေ့ရန် မူအားဖြင့် သဘောတူထားပြီ ဖြစ်သော်လည်း အပြီးသတ် ညှိနှိုင်းမှုများ ပြုလုပ်သွားရန် အမေရိကားသို့ မတ်လ (၉) ရက်နေ့တွင် ပြန်ရ ဦးမည်ဖြစ်သည်။

အန်စလော့တီက ဘရာဇီး လက်ရွေးစင် ရော်နယ်ဒင်ဟို အနေဖြင့် ၎င်း၏ ကိုယ်ရည်ကိုယ်သွေးကို အပြည့်အဝ အသုံးချနိုင်ရန် လေ့ကျင့်မှုများ ကြိုးစား ပြုလုပ်သင့်ကြောင်း ဝေဖန်ပြောဆို လိုက်သည်။

ရော်နယ်ဒင်ဟို သည် ဘာစီလိုနာ မှ အေစီမီလန် သို့ မြင့်မားသော ပြောင်းရွှေ့ ကြေးတရပ်ဖြင့် ရောက်ရှိ လာခဲ့သော်လည်း အသင်းတွင် ပုံမှန် ပွဲထွက် ခွင့်မရဘဲ အီတလီမြေတွင် ခြေစွမ်း မပြနိုင်၍ ရုန်းကန် နေရသူဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here