ယမန်နေ့ ညက ရန်ကုန်မြို့၌ ဗုံး၂လုံး ခွဲပြန်ပြီ

alt

မျက်မြင် သက်သေများ ပြောဆိုချက်အရ ယမန်နေ့က မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်၌ ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ သော်လည်း ထိခိုက် အနာတရ မရှိဟု ရန်ကုန်မှ လာသော သတင်းများအရ သိရှိရသည်။

မြန်မာ အာဏာပိုင်များက အင်္ဂါနေ့ ညပိုင်း ပေါက်ကွဲမှုမှာ ရှင်းရှင်းလင်းလင်း မသိရသေးပဲ ထိခိုက် အနာတရ မရှိဟုသာ ဖြေဆိုသည်၊ မျက်မြင်သက်သေ တဦးကမူ အခင်းဖြစ်ပွားရာ နေရာတွင် ရဲများ၊ စစ်သားများ အနှံ့ခံ စစ်ခွေးများနှင့် သူနာပြုယာဉ်များ တွေ့ရှိရသည်ဟု ဆိုသည်။

ယမန်နေ့ ညက ပေါက်ကွဲမှုများကို ည၉နာရီ မိနစ်၄၀ က မြေနီကုန်း လမ်းဆုံအနီး ဘတ်(စ်) ကားဂိတ်တွင် ပေါက်ကွဲမှု အရင် ဖြစ်ပွားခဲ့ကာ၊ နောက်ထပ် ပေါက်ကွဲမှု တခုအား အလားတူ လူစည်ကားရာ နေရာတခု ဖြစ်သော ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံ ပန်းခြံငယ် အနီးတွင် ည ၁၁နာရီတွင် ထပ်မံပေါက်ကွဲ ခဲ့သည်ဟု သိရှိရသည်။

ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး တွေ့ကြံုရ ခဲသော စစ်အာဏာရှင် အုပ်စိုးသော မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ကလည်း အသေးစား ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ဒါဇင်နှင့်ချီသော ပြည်သူများ ထိခိုက် အနာတရ ဖြစ်ခဲ့ကြရ သေးသည်။

ရန်ကုန်မြို့ခံ တဦးက လူထု အသံသို့ ပြောကြားသည်မှာ ၂၀၀၅ ခုနှစ် မေလ (၇)ရက် စနေနေ့တွင် ရန်ကုန်မြို့ နေရာ ၃ခုတွင်  ဖြစ်ပွားခဲ့သော  ပေါက်ကွဲမှုအား ရန်ကုန်မြို့သူ မြို့သားများ အမှတ်ရနေဆဲ ဖြစ်ကာ ထို ဆူပါမားကက်၊ ကွန်ဗင်းရှင်းစင်တာ များ၏ ပေါက်ကွဲမှုတွင် လူပေါင်း ၂ဒါဇင်မျှ သေဆုံးကာ လူပေါင်း ၁၆၀ကျော် ဒါဏ်ရာ ရရှိ၍ ယခုထိ ဖေါက်ခွဲသူ လက်သည် မပေါ်သေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here