ရီဟန်နာ နှင့် ခရစ်ဘရောင်း ပြေလည်သွားကြ သော်လည်း ဆွေမျိုးများက အုတ်အုတ် ကျက်ကျက်

alt

ရီဟန်နာနှင့် ခရစ်ဘရောင်း တို့စုံတွဲသည် ပြီးခဲ့သောလက လူသိရှင်ကြား ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံးအကြိမ် အတူတကွ အပြင်ထွက် လည်ခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြခဲ့ကြသည်။

အသက်(၂၁)နှစ်ရှိ R&B အဆိုတော်မလေးတို့ စုံတွဲသည် မတ်လ (၁) ရက်နေ့ ညက မီယာမီ ကမ်းခြေသို့ ကိုယ်ပိုင် ဂျက်လေယာဉ်များဖြင့် ရောက်ရှိ လာခဲ့ကြပြီး ဒေါ်လာသန်း (၂၀) တန် ဟစ်ဟော့ အဆိုတော် ဒစ်ဒီ၏ စံအိမ်ကြီးတွင် တည်းခိုနေကြောင်း သိရသည်။

ရီဟန်နာနှင့် ဘရောင်း တို့သည် လေယာဉ် တစင်းစီဖြင့် သီးခြား လာရောက် တွေ့ဆုံနေကြခြင်း ဖြစ်ပြီး၊ ရီဟန်နာမှာ မီယာမီ လေဆိပ်အတွင်း လူအများ မမှတ်မိ နိုင်အောင် ခြံုစောင်ကြီး တထည် လွှမ်းခြံု လာသော်လည်း မီဒီယာများက အမိအရ ဓာတ်ပုံ ရိုက်ခဲ့ကြသည်။

သတင်းများ အရ မီယာမီတွင် သူငယ်ချင်းများနှင့် အတူ ပျော်ရွှင်စွာ အပမ်းဖြေနေသော ခရစ်ဘရောင်းကို တွေ့နေမြင် နေရသော်လည်း ရီဟန်နာ မှာမူ စံအိမ်ကြီးထဲမှ အပြင် မထွက်ကြောင်း သိရှိရသည်။ သူတို့ နှစ်ဦး ယခုလို ပြန်လည်ပြေလည် သွားသော်လည်း ဆွေမျိုးသားခြင်းများ ကမူ နှစ်လိုခြင်း မရှိပဲ အုတ်အုတ်ကျက်ကျက် ဖြစ်လျှက်ရှိသည်ကို ဟောလီဝုဒ် မီဒီယာများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here