Laptop ခိုးယူခြင်းကို ကာကွယ်နိုင်မည့် ပရိုဂရမ် ရေးဆွဲ

alt

Laptop တလုံး ခိုးယူခံရပါက အလိုအလျှောက် အော်ဟစ် သတိပေးမည့် Program တခုကို ပညာရှင်များက ရေးဆွဲ ပြီးစီးခဲ့ပြီ ဖြစ်သည်။

Retriever ဟု အမည် ပေးထားသော အဆိုပါ Software သည် Laptop ခိုးယူခံရမှု မြင့်တက် လာခြင်းအား တုန့်ပြန်ရန် အမေရိကန် ကုမ္ပဏီတခုက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

Laptop အတွင်း ပိုင်ရှင် ဖြစ်သူက အသံသွင်းထားနိုင်ပြီး Laptop အနေနှင့် ခိုးယူခံရပြီ ဟူသော အခြေအနေမျိုး ဖြစ်လာသည် နှင့် အလိုအလျှောက် အသံထွက် အော်ဟစ် နေမည်ဖြစ်သည်။

ယခင်က Stolen Screen နည်းပညာတွင် အသံထွက်သည့် ၀န်ဆောင်မှုကို ထပ်မံ ဖြည့်သွင်းထားခြင်းဟု ကော်လိုရာဒိုရှိ Front Door Software ကုမ္ပဏီက ရှင်းပြခဲ့သည်။ အဆိုပါ Software အား (၂၁) ပေါင်ဖြင့် ၀ယ်ယူနိုင်မည် ဖြစ်ပြီး Windows XP နှင့် Vista တို့တွင် Install ပြုလုပ်နိုင်မည် ဖြစ်သည်။ ကုမ္မဏီက မကြာမီ ကာလအတွင်း Mac OS အသုံးပြုသူများ အတွက်ပါ Version အသစ် ထုတ်ပေးသွားမည်ဟု ကတိပြုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here