ပင်နယ်တီကို iPod အကူအညီဖြင့် ကာကွယ်ခဲ့သည့် မန်ယူဂိုးသမား

alt

ဘင်ဖော်စတာ ၏ iPod ကြည့်ရှုမှုသည် စည်းမျဉ်း စည်းကမ်းများ နှင့် ငြိစွန်းမှု မရှိကြောင်း FA က အတည်ပြု ပြောဆို လိုက်သည်။

အသက် (၂၅) နှစ်အရွယ် အင်္ဂလန် ဂိုးသမားသည် မန်ချက်စတာ ယူနိုက်တက် အသင်း ပင်နယ်တီ အဆုံးအဖြတ်ဖြင့် တော့တင်ဟမ် ဟော့စပါးအား အနိုင် ယူကာ ကားလင်းဖလားအား ရယူနိုင်ရေး အတွက် ပင်နယ်တီ တလုံးကို အကောင်းဆုံး ကာကွယ် ပေးခဲ့သည်။

ပွဲချိန် အပြည့်ကစားပြီး ဂိုးမရှိ သရေကျနေ သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းခါနီးတွင် ဖော်စတာသည် ကားလင်း ချန်ပီယံ တော့တင်ဟမ်မှ ဘောလုံးသမားများ ယခင် ပင်နယ်တီ ကန်သွင်းမှုများကို iPod တွင် ပြန်ကြည့်ခဲ့ သဖြင့် ၎င်း၏ လုပ်ရပ်မှာ စည်းမျဉ်းနှင့် မညီညွတ်ကြောင်း စွပ်စွဲမှုများ ပေါ်ထွက်လာခဲ့သည်။

ဖော်စတာသည် တော့တင်ဟမ် အလယ်တန်းသမား အိုဟာရာ ၏ ကန်သွင်းမှုကို လှလှပပ ပုတ်ထုတ် ခဲ့ပြီးနောက် မန်ချက်စတာမှာ ကားလင်းဖလား ချန်ပီယံ ဖြစ်လာခဲ့ပြီး ပွဲချိန် အတွင်းတွင်လည်း လက်စွမ်းပြ ကာကွယ်မှုများ ပြုလုပ်ခဲ့သည့် ဖော်စတာမှာ ဗိုလ်လုပွဲ၏ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိနိုင်ခဲ့သည်။

ယခုအခါ FA ကလည်း ဖော်စတာ၏ လုပ်ရပ်သည် တစုံတရာ အပြစ်မရှိပါဟု ယူဆခဲ့ပြီး မန်ချက်စတာ ပရိသတ်များက ဖော်စတာအား iPod သူရဲကောင်းဟု တင်စား ခေါ်ဝေါ်လျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here