အမေရိကန် AIG ကုမ္ပဏီ ပေါင်စတာလင် ၄၄ဘီလျံမျှ အရှုံးပေါ်

alt

Wall Street တွင် ရှယ်ရာတန်ဖိုးများ ထိုးကျနေမှုနှင့် အတူ အမေရိကန်၏ နာမည်ကျော် အာမခံကုမ္မဏီ လုပ်ငန်းစုကြီး ဖြစ်သည့် AIG သည် အမေရိကန် သမိုင်းတလျှောက် အဆိုးရွားဆုံး ငွေကြေး အရှုံးပေါ်မှုနှင့် ရင်ဆိုင်နေရသည်။

မတ်လ (၂) ရက်နေ့က AIG ၏ အရှုံးတန်ဖိုးသည် ပေါင်စတာလင် ဘီလျံ (၄၄) နီးပါး အထိ ရှိလာခဲ့ပြီး ပျမ်းမျှအားဖြင့် လွန်ခဲ့သော (၃) လ အတွင်း တနေ့လျှင် ပေါင်သန်း (၄၀၀) မျှ အရှုံး ပေါ်နေခဲ့ခြင်း ဖြစ်သည်။

AIG နာယက နှင့် အမှုဆောင် အရာရှိချုပ် အက်ဒွပ်လစ်ဒီ က အမေရိကန် အစိုးရထံမှ ချေးငွေ ရရှိမှုဖြင့် ကုမ္မဏီ ၏ အနာဂါတ်ကို ပြန်လည် ဦးမော့လာစေရန် မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

လောလောဆယ် တွင်မူ အစိုးရ အနေဖြင့် AIG အတွက် ထောက်ပံ့မှု ချေးငွေ ပေါင်သန်း (၂၀) ထပ်ဖြည့်ပေးရန် တောင်းဆိုမှုကို ဆိုင်းငံ့ ထားဆဲဖြစ်သည်။ အမေရိကန် အခြေစိုက် အာမခံ လုပ်ငန်းစုကြီး သည် စီးပွားရေး အကြပ်အတည်း များကြောင့် အင်္ဂလန် နာမည်ကျော် ဘောလုံးအသင်း မန်ချက်စတာ ယူနိုက်တက်အား Sponsor ပေးထားမှု ကိုလည်း စာချုပ်သက်တမ်း မတိုး ဖြစ်တော့ကြောင်း ကြေငြာထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here