ပြင်သစ်နိုင်ငံ အဲ့ပ်တောင်တန်းမှာ ရလကြာ ပျောက်ဆုံးနေသော ကျောင်းဆရာ အလောင်းသာ ပြန်တွေ့

alt

(၇)လကြာ ပျောက်ဆုံးနေသော  ဗြိတိန် နိုင်ငံသား မန်ချက်စတာမြို့မှ အပျော်တန်း တောင်တက်သမား  ကျောင်းဆရာ တဦး၏ အေးစက် တောင့်တင်း နေသော ရုပ် အလောင်းကို

တောင်တက် သမားများက ပြင်သစ် နိုင်ငံ အဲ့ပ်တောင်တန်း များတွင် ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်သည်။

အသက်(၃၃)နှစ် အရွယ် ခရစ်စတိုဖာ ဟီလ်တန် ပျောက်ဆုံး နေစဉ်က ကုန်းကြောင်း၊ လေကြောင်း ရှာဖွေမှုများ ပြုလုပ် ခဲ့သော်လည်း ပြင်သစ်နိုင်ငံ အဲ့ပ်တောင်တန်းသို့ အပျော်ခရီး ထွက်လာသည့် ၎င်းအား သူအား နောက်ဆုံး တွေ့ခဲ့သည့် စခန်းအမှတ် Bourg d’Oisans မှ ထွက်ခွာပြီးနောက် ရှာဖွေ မတွေ့ ရှိတော့ချေ။

ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ကမူ တောင်တက်သမား (၂)ဦးက ကိုယ်တဝက် နှင်း နှင့် ရေခဲများ ဖုံးလွှမ်းနေသည့် ခရစ်စတိုဖာ၏ ရုပ်အလောင်းအား တောင်စောင်း တနေရာတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ခရစ်စတိုဖာသည် မျက်စိလည် လမ်းမှားရင်း နှင်းတောထဲတွင် မီတာ ၁၀၀ ( ပေ ၃၃၀ ) အမြင့် တောင်စောင်း တနေရာမှ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြင်သစ် အာဏာပိုင်များက သုံးသပ်ခဲ့ကြသည်။

မန်ချက်စတာမြို့နေ အထက်တန်း ကျောင်းဆရာ၏ အလောင်းမှာ ရေခဲများကြောင့် တည်နေပုံ အနေအထား ပြောင်းလဲမှုများ ရှိနိုင်သော်လည်း အမြင့် ပေ(၃၃၀)ရှိ တောင်စောင်းမှ ပြုတ်ကျခဲ့ခြင်းသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here