ချဲလ်ဆီးတွင် အနာဂါတ် မသေခြာ၍ အသင်းပြောင်းလိုသူ ကာလူး

alt

ချဲလ်ဆီးမှ အိုင်ဗရီကို့စ် လက်ရွေးစင် ရှေ့တန်းလူ ဆော်လမွန် ကာလူးက အာစင်နယ် အသင်းသို့ ပြောင်းရွေ့ ကစားလိုကြောင်း ယမန်နေ့က ပြောကြားလိုက်ပြီ ဖြစ်သည်။

အာစင်နယ် အသင်းကလည်း ၎င်းအား စိတ်ဝင်စား နေကြောင်း အရိပ် အမြွက်ပြကာ  ကာလူးမှာ ချဲလ်ဆီးတွင် လက်ရှိ ကစားနေသော်လည်း အနာဂါတ်တွင် ဘာဖြစ်လာမည်ကို ကြိုမပြောနိုင်ကြောင်း ကာလူးက ဆိုသည်။

အာစင်နယ် နည်းပြ အာစင်း ၀င်းဂါးအား လေးစားပြီး အာစင်နယ်တွင် အိုင်ဗရီကို့စ် ကစားဖော်များ ရှိနေခြင်းက ၎င်းအား စိတ်လှုပ်ရှားစေကြောင်း ကာလူးက ၀န်ခံခဲ့သည်။ ထိုအတောအတွင်း အာစင်နယ် ဖက်ကလည်း ကာလူးကို စိတ်ဝင်စားနေသည့် အရိပ်အယောင်များ သိသိသာသာ ထုတ်ဖော် ပြသလာခဲ့ကြသည်။

အာစင်နယ် နည်းပြ အာစင်း ၀င်းဂါးက ကာလူးကဲ့သို့ အသက်အရွယ် ငယ်ရွယ်သော်လည်း အတွေ့အကြံု ရင့်ကျက်သည့် ကစားသမားမျိုးကို အလိုရှိပါကြောင်း လန်ဒန်ညနေခင်း အားကစား သတင်းထောက်သို့ အရိပ်အမြွက် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here