ခင်မင်ရင်းနှီးတဲ့ ကမာ္ဘမိတ်ဆွေတွေ လိုချင်ရင် Facebook ဆီလာခဲ့ ဆိုတဲ့

alt

Facebook သည် ကမာ္ဘတဝှမ်းမှ မိတ်ဆွေစစ်များ စုဆောင်း ရရှိနိုင်မည့် အကောင်းဆုံး ရင်းမြစ် ဖြစ်ကြောင်း ကျွမ်းကျင် သူများက သတိထား လေ့လာ သုံးသပ် ခဲ့ကြသည်။

အမေရိကန် နိုင်ငံထုတ် Economist သတင်းစာစောင်၏ ဖော်ပြထားမှု အရ Facebook တွင် အချက်အလက် အမှန်များ ဝေမျှကြခြင်း၊ စုစုစည်းစည်း နှင့် ပါတီပွဲများ ဆင်နွှဲကြခြင်း၊ Instant Message များ အပြန်အလှန် ပေးပို့ နိုင်ကြခြင်း တို့ကြောင့် ရင်းနှီး ခင်မင်မှုကို ဖြစ်ပေါ်စေကြောင်း Economist သတင်းစာကြီးက ဖော်ပြထားသည်။

အခြားသော Social Networking ၀ဘ်ဆိုဒ်များတွင် မိတ်ဆွေသူငယ်ချင်း အရေအတွက် (၁၀၀) ကျော်ရှိလာပါက စုစည်းမှု လျော့နည်းသွားပြီး ပုံမှန် ဆက်သွယ်မှု ပြုလုပ် ကြခြင်းလည်း လျော့နည်း သွားတတ်သော်လည်း Facebook တွင်မူ အလားတူ အခြေအနေမျိုး ပေါ်ပေါက်လေ့ မရှိဟု စာစောင်က ဆိုသည်။

Facebook အသုံးပြုသူများသည် မိတ်ဆွေ အပေါင်းအသင်း (၁၀၀) ကျော်မျှကို Account ချင်း ချိတ်ဆက် ထားသည့်တိုင် ပုံမှန် ဆက်သွယ်မှု အစဉ် ရှိနေတတ်သဖြင့် ခင်မင် ရင်းနှီးမှုကို ပိုမို တိုးပွားလာစေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here