မူးယစ်ဆေးသုံး ဂိမ်းကစားက အန္တရာယ် အရှိဆုံး အွန်လိုင်း ဂိမ်း

alt

နာမည်ကြီး Online ဂိမ်း တခုဖြစ်သည့် World of War Craft ကို (၂၄)နာရီ ဆက်တိုက် မရပ်မနား ကစားခဲ့သည့် လူငယ်တဦး အကြောဆွဲပြီး ဆိုးဆိုးရွားရွား သွက်ချာပါဒ ဖြစ်ခဲ့ပြီးနောက် အဆိုပါ ဂိမ်းအား ဝေဖန် ပြောဆိုမှုများ ကမာ္ဘနှင့် အဝှမ်း တိုးမြင့်လာခဲ့သည်။

World of War Craft  သည် ကမာ္ဘတလွှားမှ လူငယ်များ အလွန် ကြိုက်နှစ်သက်စွာ ကစားကြသည့် တိုက်ပွဲ ဂိမ်းတမျိုး ဖြစ်ပြီး ဂိမ်းအတွင်းမှ လှည့်စားမှု ပရိယာယ် များကို ဖြေရှင်းရသည့် အခြေအနေ အပေါ် လူငယ်များက အလွန် ရူးသွပ်စွာ စွဲလန်းနေလေ့ ရှိကြသည်။

သို့သော်လည်း ယခု ကဲ့သို့ ဖြစ်ရပ်များအား သုံးသပ်မှုများ ပြန်လည် ပြုလုပ်သင့်ပြီဟု ဆွီဒင်လူငယ် ကျန်းမာရေး ဖောင်ဒေးရှင်းက ဝေဖန်လိုက်သည်။ ဆွီဒင်မှ အသက်(၁၅)နှစ် အရွယ် လူငယ်တဦးသည် ထိုဂိမ်းအား အလွန်အကျွံ ကစားပြီး မူးယစ်ဆေးဝါး သုံးစွဲရာတွင် ဖြစ်ပွားလေ့ရှိသည့် အသားများ တဆတ်ဆတ် တုန်ခါသည့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်။

၎င်းအား ဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် ဆေးရုံမှ ဆရာဝန်များက ကာလကြာရှည် အအိပ်ပျက်ခံ၊ အစာမစားဘဲ ဆီးချုပ်၊ ၀မ်းချုပ် ဖြစ်နေကာ ပေပေတေတေ နှင့် လျစ်လျူရှုကာ ဂိမ်းကိုသာ အာရုံ စိုက်နေခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်းဟု အတည်ပြုခဲ့သည်။ ထို လူငယ် ဖောင်ဒေးရှင်းကမူ ထိုဂိမ်းမှာ ဈေးကွက် အတွင်း ဖြန့်ထားသည့် ဂိမ်းအားလုံးတွင် အန္တရာယ် အကြီးဆုံးဟု တရားဝင် စွပ်စွဲလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here