ဖခင်ဖြစ်သူ ရိုက်နှက်မှုကြောင့် ပျံကျ ဘဝများမှ လွတ်မြောက်တော့မည့် Slumdog Millionaire မှ အဇာရူဒင်

alt

Slumdog Millionaire ဇာတ်ကားမှ အဓိက မင်းသား ဂျမား၏ အကို ဆလင်း ငယ်ဘဝတွင် သရုပ်ဆောင်ခွင့် ရခဲ့သော ကလေးငယ်မှာ အိမ်ပြန်ရောက်မှ ဒုက္ခလှလှ ကြံုနေရသည်။

ဟောလီးဝုဒ် အော်စကာ ဆုပေးပွဲ အခမ်းအနားမှ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ ပြန်လည် ရောက်ရှိလာသည့် (၁၀)နှစ်သား အဇာရူဒင် အစ္စမေးလ်မှာ ဖခင်ဖြစ်သူက သူ၏ စကား နားမထောင်မှုဖြင့် ရိုက်နှက် ခဲ့သောကြောင့် ငိုကြွေးနေရကြောင်း အိန္ဒိယ သတင်းသမားများက ဟိုးလေးတကျော် ဖော်ပြခဲ့ကြသည်။

အသက် (၄၇)နှစ် အရွွယ် မိုဟာမက် အစ္စမေးလ်သည် သားဖြစ်သူ စကား နားမထောင်၍ အိမ်ပေါ်မှနှင်ချရာ ကလေးငယ်က မဆင်းသောကြောင့် ယခုလို ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း အိမ်နီးခြင်း များက ဆိုသည်။ ဘင်ဒရာ ရပ်ကွက်မှ မျက်မြင်များက အဇာရူဒင်အား ဖခင်ဖြစ်သူက အညှိုးတကြီးနှင့် ရိုက်နှက်ခဲ့ခြင်းဟု ပြောကြားကာ ဘယ်ဖက် နားထင်အား အရိုက် ခံရသဖြင့် နာကျင်စွာ ငိုကြွေးနေသော အဇာရူဒင်၏ ဓာတ်ပုံကို အင်တာနက် သတင်းများတွင် အသားပေး ဖော်ပြ ခဲ့ကြသည်။

၎င်းနောက် မွမ်ဘိုင်းမြို့တော်ရှိ အဇာရူဒင်တို့ နေထိုင်ရာ ဆင်းရဲသား ရပ်ကွက်၏ သရုပ်မှန်ကို ကွက်ကွက်ကွင်းကွင်း ပေါ်ပေါက် လာစေသော သတင်း ဓါတ်ပုံများကြောင့် မွမ်ဘိုင်းမြို့တော် အုပ်ချုပ်ရေး အရာရှိများမှ အိန္ဒိယအစိုးရ စေခိုင်းချက်အရ ဆင်းလာတွေ့ကြပြီး ဘင်ဒရာ ရပ်ကွက်တွင်  ပလပ်စတစ်မိုး တဲထိုးကာ လက်ရှိ ပျံကျ နေထိုင်လျှက်ရှိသော အဇာရူဒင် အစ္စမေးလ်တို့ မိသားစုအား အိမ်ယာ စီစဉ်ပေးမည်ဟု လာရောက် အကြောင်းကြားခဲ့သည်ဟု သတင်းများက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here