အောက်စ်ဖို့တ် တက္ကသိုလ် ကျောင်းသားများ အွန်လိုင်းမှ စာမူရောင်းချ အများဆုံးဖြစ်သည်

alt

ဗြိတိန် နိုင်ငံရှိ အောက်စ်ဖို့တ် တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသား များသည် ၀ဘ်ဆိုဒ် များသို့ စာရေးသား ရောင်းချမှုများ ပြုလုပ်ရာတွင် တကမာ္ဘလုံးရှိ တက္ကသိုလ်များ ထဲတွင် အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

အချို့သော ၀ဘ်ဆိုဒ် များသည် အထက်တန်း၊ အလယ်တန်း ကျောင်းသားများကို ဆွဲဆောင်နိုင်ရန် စာစီစာကုံး နှင့် မှတ်စုများ အခမဲ့ ကူးယူခွင့် ပေးထားပြီး ထို စာစီစာကုံး နှင့် မှတ်စုများကို အောက်စဖို့တ် ကျောင်းသားများ ထံမှ ၀ယ်ယူလေ့ ရှိကြရာ ဗြိတိန်ရှိ အခြားသော နာမည်ကျော် တက္ကသိုလ်များ ဖြစ်ကြသည့် ဒါဟမ်း၊ နော့တင်ဂမ်၊ မန်ချက်စတာ တက္ကသိုလ်များမှ ကျောင်းသားများ သည်လည်း ထိုကဲ့သို့ ရောင်းချမှုမျိုး ပြုလုပ်ကြသော်လည်း အောက်စဖို့တ် တက္ကသိုလ် ကျောင်းသားများလောက် အရောင်း မသွက်ကြောင်း သိရှိရသည်။

ထို့အပြင် အောက်စဖို့တ်မှ ကျောင်းသားများသည် ရရှိသည့် စာမူခ ငွေကြေးလည်း ပိုမို များပြားနေတတ်ပြီး အခြား တက္ကသိုလ်များမှ ကျောင်းသားများသည် မှတ်စုတခု အတွက် ပေါင်(၄၀၀)ခန့် ရရှိချိန်တွင် အောက်စဖို့တ်ရှိ အချို့သော ကျောင်းသားများက ပေါင် (၈၀၀၀) ထိ ရရှိနေတတ် ကြသည်။

အဆိုပါ စာမူ၊ စာတမ်း ရောင်းဝယ်မှု အချက်အလက်များကို gradeguru.com ဝဘ်ဆိုဒ်မှ စာရင်း ကောက်ယူခဲ့ခြင်း ဖြစ်ပြီး အောက်စဖို့တ် တက္ကသိုလ်၏ နာမည်သတင်း ထင်ရှားမှုကြောင့် ယခုကဲ့သို့ ငွေကြေး ပိုမိုရရှိခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here