မန်ယူ မျှော်မှန်းသော အိပ်မက်ဖလား ကာလင်း

alt

မန်ချက်စတာ ယူနိုက်တက် ကလပ် အနေနှင့် ကာလင်း ဖလားအား အရ ယူသွားရန် အင်အား တောင့်တင်းစေမည့် အသင်းသားများ ကိုသာ အသုံးပြု သွားမည်ဟု မိုက်ကယ် ကာရစ်က ပြောကြား လိုက်သည်။

 အဆိုပါ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် လူက ယခုပွဲတွင် အင်အားခြွေတာ ကစားမည့် ပြိုင်ဘက်ကို မမျှော်လင့်နှင့်ဟု တော့တင်ဟမ် ဟော့စပါး အသင်းအား သတိပေး လိုက်သည်။ ထိုနှစ်သင်းသည် မတ်လ (၁) ရက်နေ့တွင် ကားလင်းဖလား ဗိုလ်လုပွဲ အဖြစ် ၀င်ဘလေ ကွင်းကြီးတွင် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

တော့တင်ဟမ် မှ မန်ချက်စတာ သို့ လွန်ခဲ့သည့် (၂) နှစ်ကမှ ပြောင်းရွှေ့လာသည့် ကာရစ်က မန်ချက်စတာသည် ပြိုင်ပွဲ အားလုံးတွင် အားထည့် ယှဉ်ပြိုင် နေရသဖြင့် ယခု ဖလားပွဲတွင် အားအနည်းငယ် လျှော့ချမှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း၊ ကားလင်း ဖလားကိုပါ ရယူပြီး ဖလား(၅)လုံး  အိပ်မက်အား မန်ချက်စနာ ယူနိုက်တက် အတွက် ဆက်လက် ရှင်သန်စေမည် ဖြစ်ကြောင်း ယမန်နေ့က ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here