အနာဂါတ် ကာလတွင် လေပေါ် သစ်ပင် စိုက်ပျိုးနိုင်ရန် ကြံဆ

alt

အနာဂါတ် ကာလတွင် လေပေါ် သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် လေထု ညစ်ညမ်းမှုအား ကာကွယ် ဖြေရှင်းရန် သဘာဝ ထိမ်းသိမ်းရေး ပညာရှင်များက  ယနေ့ အချိန်တွင် ကြံဆလာကြသည်။

သဘာဝ ၀န်းကျင် ထိန်းသိမ်းရေး ဒီဇိုင်း ပြိုင်ပွဲ တခုတွင် ဆုရရှိခဲ့သည့် ရုပ်ပုံတခုကို အခြေခံပြီး ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ဖလှယ်ရေး လုပ်ဆောင်မှု များကို တနည်းတဖုံ ဆန်းသစ် လာစေရန် ကြိုးပမ်း ကြဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ ဒီဇိုင်းပုံတွင် ပေ(၄၀၀) အမြင့်ရှိ ကွန်ကရစ် တိုင်ကြီးများ ပေါ်တွင် အထူး ပြုလုပ်ထားသည့် ဘောင်တခု ထည့်သွင်းထားပြီး အထဲတွင် သစ်ပင်ကြီး များ (၄၀၀)ကျော်ကို စိုက်ပျိုးထားရန် စိတ်ကူးဖြင့် ရေးဆွဲထားသည်။

ထို ဒီဇိုင်းအား ရေးဆွဲခဲ့သည့် Nectar ကုမ္မဏီက သစ်ပင်များသည် အကောင်းဆုံး သဘာဝ လေသန့်စက်များ ဖြစ်ပြီး ကာဘွန်ဒိုင် အောက်ဆိုက်ကို စုပ်ယူကာ အောက်ဆီဂျင်ကို လေထု အတွင်း ပြန်လည် လွှတ်ပေးတတ်ကြောင်း ရှင်းပြခဲ့သည်။

ကုမ္မဏီမှ အကြီးတန်း ဒီဇိုင်နာ ယူတာကာ ကာဇာ မာနီ က ယခု စိတ်ကူးအား ဖြစ်မလာနိုင်ဟု မည်သူမျှ မပြောနိုင်ကြောင်း ထုတ်ဖေါ်ပြောကြား သွားသော်လည်း နိုင်ငံ အချို့ကမူ စိတ်ဝင်စားစွာ လက်တွေ့ အကောင်ထည်ဖေါ်လျှက် ရှိကြသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here