မိခင် အနမ်းကြောင့် မွေးကင်းစ ကလေးငယ် သေဆုံး

alt

မိခင်က ချစ်စနိုးဖြင့် နမ်းရှုပ်ရာမှ မွေးကင်းစ ကလေးငယ် တဦး အသက်ရှူ လမ်းကြောင်းတွင် ပိုးဝင်ပြီး သေဆုံး သွားရှာသည့် ကြေကွဲဖွယ် ဖြစ်ရပ်တခု ဗြိတိန်နိုင်ငံ လန်ကက်စတာတွင် ဖြစ်ပွား ခဲ့သည်။

မိခင်ဖြစ်သည့် အသက် (၃၅) နှစ် အရွယ် မိခင်ဖြစ်သူ ရုစကောဖီးက သူမ၏ ရင်နင့်ဖွယ် အတွေ့အကြံုမျိုး အခြား မိခင်များတွင် မဖြစ်စေလိုကြောင်း ဆို့နင့်စွာဖြင့် ပြောကြား သွားခဲ့သည်။

သူမသည် သမီးငယ် ဂျင်နီဖာအား မမွေးဖွားခင် တရက် အလိုက သာမန် အအေးမိရောဂါ ခံစား နေခဲ့ရသည်။ ထိုအချက်ကို သတိမမူဘဲ ကလေးငယ်အား နမ်းခဲ့ရာမှ ခံနိုင်ရည် အလွန်နည်းသေးသည့် ဂျင်နီဖာလေးမှာ အသက်ရှူ လမ်းကြောင်းတွင် ရောဂါရပြီး ကွယ်လွန် ခဲ့ရခြင်းဖြစ်သည်။

ဂျင်နီဖာလေးသည် ကွယ်လွန်ချိန်တွင် (၁၁) ရက်သမီး အရွယ်သာ ရှိသေးကာ ၎င်း၏ ကျန်းမာရေး ရုတ်တရက် ဆိုးဝါးလာသည်နှင့် ကလေးငယ်၏ အသက်ကို လုရန် အသည်းအသန် ကြိုးပမ်းခဲ့သော်လည်း (၃) ရက် အကြာတွင် ကလေးငယ်ကို ဆုံးရှုံးခဲ့ရကြောင်း ဗြိတိန်နိုင်ငံ လန်ကက်စတာ ဆေးရုံမှ ဆရာဝန်များက စိတ်မကောင်းစွာဖြင့် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here