Transformers မင်းသမီး မီဂန်း ဖေါက်(စ်) တို့စုံတွဲ စေ့စပ် ကြောင်းလမ်းခြင်း ဖျက်သိမ်း

alt

Transformers မင်းသမီး မီဂန်း ဖောက်(စ်)မှာ သူမ၏ ချစ်သူ ဘရိုင်ယန် အော်စတင် ဂရင်း နှင့် စေ့စပ် ကြောင်းလမ်းမှုကို ဖျက်သိမ်း ခဲ့ပြီ ဖြစ်သည်ဟု ကြေညာ လိုက်သည်။

နှစ်နှစ်မျှ ကြာမြင့်နေပြီ ဖြစ်သည့် စေ့စပ်မှုကို အဆုံးသတ်ရန် ဆုံးဖြတ် လိုက်ကြောင်း အသက် (၂၂) နှစ် အရွယ် ဖော့စ်က ပြောကြားခဲ့သည်။ သူမနှင့် ဂရင်းတို့သည် (၂၀၀၄) ခုနှစ် ကတည်းက တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်သည်။

အသက် (၃၅) နှစ် အရွယ် ဂရင်း ဖက်ကမူ ၎င်းရော၊ ဖော့စ်ပါ ကိုယ်ပေါ်တွင် အပြန်အလှန် ရေးထိုးထားသည့် တဦးစီ၏ နာမည်များကို ဖျက်ပစ်ကြမည်ဟု ပြောကြား လိုက်ပြန်သည်။ ဖောက်(စ်) နှင့် ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများက စုံတွဲနှစ်ဦးသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ပိုင်းတွင် ဆက်ဆံရေး အေးစက် မာကျောလာခဲ့ပြီး ယခုကဲ့သို့ လမ်းခွဲသည် အထိ အခြေအနေ ဆိုးသွားခဲ့ခြင်းဟု ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ယမန်နှစ်က ကမာ္ဘပေါ်တွင် လိင်ဆွဲဆောင်မှု အကောင်းဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံထားရသည့် ဖေါက်(စ်)ကြောင့် မင်းသားတဦးဖြစ်သူ ဂရင်းက ၎င်း၏ နာမည်သည် ဖောက်(စ်)၏ ကျော်ကြားမှုအောက် မှေးမှိန် နေခဲ့ရသည်ဟု ၀န်ခံ ပြောဆိုခဲ့ဖူးရာ ပရိသတ်များက Celebrity နှစ်ဦး လမ်းခွဲသည့် အကြောင်းတွင် ထိုအချက်သည် အဓိက ကျနိုင်ကြောင်း ထင်ကြေးပေးလျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here