လီဗာပူး အသင်းတွင် နည်းပြ လုပ်ချင်ဟု မော်ရင်ညို လေသံ ပစ်လာ

alt

လက်ရှိ အီတလီ စီးရီးအေ ချန်ပီယံ အင်တာမီလန်အား ကိုင်တွယ်နေသည့် နည်းပြ ဟိုဆေး မော်ရင်ညိုက ဘင်နီတက် မရှိလျှင် လီဗာပူးကို နည်းပြချင်ကြောင်း လေသံ ပစ်လျှက် ရှိသည်ဟု

အားကစား သတင်းရပ်ကွက် များက ဆိုသည်။

အသင်းပိုင်ရှင် သူဌေး များနှင့် အဆင်မပြေ ဖြစ်နေသည်ဟု သတင်းထွက် နေသည့် စပိန်လူမျိုး နည်းပြကြီး ဘင်နီတက် ကမူ ၎င်းအသင်းမှ ထွက်ခွာ သွားနိုင်သည် ဆိုသော သတင်းများကို မီဒီယာနှင့် တွေ့ဆုံရာ ပယ်ချလိုက်သည်။

သို့သော်လည်း ချဲလ်ဆီး အသင်း နည်းပြဟောင်း ပေါ်တူဂီလူမျိုး မော်ရင်ညိုက ၎င်းသည် အင်္ဂလန်မြေသို့ ပြန်လာပြီး လီဗာပူး ကဲ့သို့ နာမည်ကျော် အသင်းကြီး တသင်းကို ဦးဆောင် လိုသေးကြောင်း ပြောကြား လိုက်ပြန်သည်။

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာ အလက်စ် ဖာဂူဆန် အနားယူ သွားပါက မော်ရင်ညိုမှာ ၎င်း၏ နေရာကို ဆက်ခံမည့်သူ ဖြစ်လာနိုင်သည်ဟု ဘောလုံး သုတေသီများက ခန့်မှန်း နေကြသော်လည်း မော်ရင်ညို ကမူ ၎င်း အမှန်တကယ် ကိုင်တွယ် လိုသည်မှာ လီဗာပူးသာ ဖြစ်သည်ဟု ၎င်း၏ဆန္ဒကို ထုတ်ဖေါ် ပြောဆိုသည်။

လန်ဒန်မှ လာသော သတင်းများအရ လီဗာပူး ပိုင်ရှင်များသည် နည်းပြ ဘင်နီတက်အား စာချုပ်သက်တမ်း ထပ်မတိုးရန် စဉ်းစားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here