မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် အာဆီယံ အစည်းအဝေး တက်ရောက်

alt

မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ထိုင်းနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ဖေဖော်ဝါရီလ (၂၇) ရက်နေ့က

နေပြည်တော််မှ ထွက်ခွာ သွားပြီဖြစ်သည်။

၎င်းသည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဘီဆစ်၏ ဖိတ်ကြားမှုနှင့် အတူ ဘန်ကောက်သို့ သွားရောက် ခဲ့ခြင်းဖြစ်ပြီး ဟွာဟင် ပင်လယ် အပမ်းဖြေမြို့တွင် ကျင်းပမည့် ထိပ်သီး ညီလာခံသို့ တက်ရောက် သွားမည်ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေနှင့် အနာဂါတ် ကာလတွင် လုံခြံုရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု၊ လူမှုဘဝ ပူးပေါင်း ဆောင်ရွက်ရေး တသွေး တသားတည်း ဖြစ်လာစေရန် အစည်းအဝေးတွင် ဆွေးနွေး သွားမည်ဟု သိရသည်။

အာဆီယံ ထိပ်သီး ညီလာခံသို့ ဘရူနိုင်း၊ ကမော္ဘဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့မှ အစိုးရ ထိပ်တန်းမှ ပုဂ္ဂိုလ်များ တက်ရောက် ကြမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here