မိသားစုလိုက် အပြင်ထွက် ဟန်ရေးပြ များလာသော ဘရက်ပစ်တို့ မိသားစု

alt

ဘရက်ပစ်နှင့် အိန်ဂျယ်လီနာ ဂျိုလီတို့ စုံတွဲသည် ကလေးငယ် (၆) ယောက်နှင့် အတူ ဖေဖော်ဝါရီလ (၂၅) ရက်နေ့က Little Mermaid (ရေသူမလေး) ပြဇာတ်သို့ လာရောက် ကြည့်ရှု ခဲ့ကြသည်။

လူစုံတက်စုံ ချီတက် လာကြသည့် မိသားစုကြီးတွင် (၇)လ အရွယ် အမြွှာလေး နှစ်ယောက်က ကလေးထိန်း များနှင့် လိုက်လာခြင်း ဖြစ်ပြီး ပစ်နှင့်ဂျိုလီ ကမူ အကြီး (၄) ယောက်ကို လက်တွဲ ခေါ်လာကြသည်။

မျက်မြင်တွေ့ ရှိသူများက ကလေးများ အားလုံး ပြဇာတ်ကို အလွန် သဘောကျပြီး ရွှင်မြူး နေကြကြောင်း ပြောဆိုကြ၍ ကလေးများ အားလုံး စမတ်ကျကျ ၀တ်စားထားပြီး (၇) နှစ်သား မက်ဒေါ့လေးက ၎င်း အားပေးသည့် လီဗာပူးလ် အသင်း တံဆိပ်ပါ ဦးထုပ်ကို ဆောင်းထားခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြထားသည်။ 

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပစ်တို့မိသားစု စုံစုံညီညီ လာရောက်မှုကို သတင်းထောက်များက ဓာတ်ပုံ ရိုက်ကူး နိုင်ခဲ့ပြီးနောက် ယခ ုတကြိမ်မှာ ဒုတိယမြောက် မိသားစု အစုံအလင် လူရှေ့ ထွက်လာခြင်း ဖြစ်ကြောင်းလည်း ယမန်နေ့ထုတ် People မဂ္ဂဇင်းတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here