ရီဟန်နာ ကိုယ်ဝန်ရှိနေပြီဟု သတင်းထွက်နေ

alt

ရီဟန်နာ တယောက် ကိုယ်ဝန်ရှိနေပြီဟု ယူဆ ရကြောင်း ဟောလီးဝုဒ် အတင်းအဖျင်း သတင်းအချို့ နှင့် ဝဘ်ဆိုဒ် များက ရေးသား ဖေါ်ပြ နေကြသည်။

မကြာသေးမီက ခရစ်ဘရောင်း နှင့် ခိုက်ရန် ဖြစ်ပွားခဲ့ပြီး မျက်နှာတွင် ဒါဏ်ရာများ ရရှိခဲ့သည့် အသက် (၂၁) နှစ်အရွယ် R&B အဆိုတော် မလေးသည် ဘရောင်း နှင့် တယ်လီဖုန်း အဆက်အသွယ်ဖြင့် ငြိမ်းချမ်းရေး ပြန်ရခဲ့ပြီး ထိုကဲ့သို့ အလျှော့ပေး လိုက်ခြင်းသည် ဘရောင်း၏ ရင်သွေးကို လွယ်ထား ရသဖြင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ် လာခဲ့သည်။

အချို့ သတင်းများ ကမူ ဘရောင်းမှာ ထိုကိစ္စ အတွက် စိတ်ညစ် နေသည် ဟုလည်း ဖော်ပြ နေကြသည်။ ရီဟန်နာ နှင့် ရင်းနှီးသော မိတ်ဆွေများက ထို အကြောင်းအရာကို တိတိကျကျ ပြောဆိုနိုင်ရန် ခက်ခဲ နေသေးကြောင်း ၀န်ခံခဲ့ကြပြီး ဘာဘေးဒိုး သို့ ရောက်ရှိနေသည့် ရီဟန်နာ ကမူ ဝေဖန်ချက် တစုံတရာ မပေးသေးကြောင်း သိရှိရသည်။

Fox News ၏ တီဗွီချာနယ် ဟောလီးဝုဒ် Gossip တွင်မူ ခရစ္စ ဘရောင်းမှာ အာမခံနှင့် အပြင်ထွက် နေသော်လည်း ထိုရန်မူမှု ကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ထိမ်းသိမ်းမှု သင်တန်း တက်ရမည် ဖြစ်သည်ဖြစ်ပြီး၊ အခြား သတင်းများကမူ ရီဟန်နာမှ ခရစ္စဘရောင်းနှင့် ပါတ်သက်လျှင် အလွန်သဝန်တိုမှု ကြောင့် ယခုလို ဟိုးလေးတကျော် ပြဿနာတက်ခဲ့ ရခြင်းဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here