အတ္တလန္တိတ် ရေခဲများ အရည်ပျော်ကျမှု ပိုမို လျှင်မြန်လာနေ

alt

အတ္တလန္တိတ်ရှိ ရေခဲများ အရည် ပျော်နေမှုသည် တစထက် တစ လျှင်မြန် လာနေကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား လိုက်သည်။

အလွန်ကြီးမားသော ထုထည် ပမာဏရှိသည့် ရေခဲများ အရည် ပျော်နေမှုသည် ကမာ္ဘ့ သဘာဝ ၀န်းကျင်ကို ထိခိုက်မှုများ ဖြစ်ပေါ် စေနိုင်ကြောင်း ပညာရှင်များက သတိပေး ခဲ့သည်။

ပင်လယ် ရေမျက်နှာပြင် မြင့်တက် လာမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ် လာနိုင်စေသလို ကမာ္ဘ့ ရာသီဥတု ပြောင်းလဲမှု များကိုလည်း ရိုက်ခတ် လာနိုင်သည်ဟု အန္တာတိက ရေခဲပြင် လေ့လာရေး ကော်မတီ ဒါရိုက်တာ ကောလင်း ဆယ်မာ ဟေးရက်က ပြောကြားလိုက်သည်။

ယခု အချိန်တွင် အန္တာတိကမှ ရေခဲတောင်များ ပြိုကျလာမှု နှုန်းထားသည် (၁၉၉၂) ခုနှစ် ကထက် (၈၃) ရာခိုင်နှုန်း ပိုမြန်နေကြောင်း ကောလင်းက ဆိုသည်။ ယခု အခြေအနေအရ တနှစ်လျှင် ရေခဲတန်ချိန် (၁၀၃) ဘီလျံမျှ ပုံမှန် အရည်ပျော် နေသော်လည်း ၀င်ရိုးစွန်း ဒေသတွင် ကျဆင်းနေသည့် နှင်းထ ုပမာဏမှာ ထိုပမာဏကို ကာမိအောင် ပြန်လည် မဖြည့်နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here