ဂိမ်း အလွန်အကျွံ ကစားသော ကလေးများ ကျန်းမာရေး ထိခိုက်နိုင်

alt

ဂိမ်း အလွန်အကျွံ ကစားသော ကလေးငယ်များတွင် အရေပြား အားနည်းမှု အပြင် အခြားသော ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း ပညာရှင်များက သတိ ပေးလိုက်သည်။

ဆွီဒင်မှ ဆရာဝန်  များသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဂိမ်း အလွန်ဆော့သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို လေ့လာခဲ့ပြီး ဗြိတိန် ဆေးပညာ ဂျာနယ် Dermatology အတွင်း ထည့်သွင်း ရေးသားခဲ့သည်။

ဆိုနီ ကုမ္မဏီထုတ် Play Station ကဲ့သို့ ဂိမ်းများကို အပြင်းအထန် ရူးရူးမူးမူး ဆော့ကစားသည့် ကလေးများတွင် လက်ချောင်း ထိပ်များ နာကျင်မှုကို ခံစားရသလို ဦးနှောက်ပိုင်း ထိခိုက်မှုများ ရှိနိုင်ကြောင်းလည်း ဂျာနယ်အတွင်း ရေးသားထားသည်။

ထို့အပြင် ကလေးများ၏ မျက်နှာမှ ကြွက်သားများ လှုပ်ရှားမှု ပုံစံ မမှန်သဖြင့် သူငယ်နာ မစင်သကဲ့သို့ မျက်ကြော လိုက်မှုများ ဖြစ်ပွားမှုကို အဆမတန် တိုးပွား လာစေကြောင်း သိရသည်။ ထို့အပြင် Trauma ခေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ဝေဒနာများ ဖြစ်လာ နိုင်စေကြောင်း ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here