မြန်မာနိုင်ငံသို့ သွားရောက်ပါက အထူး သတိရှိကြရန် မိမိ နိုင်ငံသားများအား တရုတ်သတိပေး

alt

တရုတ် နိုင်ငံသားများ အနေနှင့် မြန်မာနိုင်ငံသို့ သွားရောက်ရာတွင် အထူး သတိရှိကြရန် တရုတ် နိုင်ငံခြားရေး ၀န်ကြီး ယန်ဂျီချီ က ဖေဖော်ဝါရီ (၂၅) ရက်နေ့တွင် မိမိတို့ နိုင်ငံသားများအား သတိပေး ပြောကြား လိုက်သည်။

မြန်မာ နိုင်ငံအတွင်း မထင်မှတ်သော အခက်အခဲများ ကြံုတွေ့ ရနိုင်ပြီး ပြန်ပေးဆွဲမှု ကဲ့သို့ ရာဇဝတ်မှု များနှင့် အချိန်မရွေး တွေ့ကြံု သွားနိုင်သည်ဟု ၀န်ကြီးဌာနက ထပ်လောင်း စာထုတ်၍ အသိပေး ကြေငြာသည်။

ယမန်နှစ် အတွင်းမှ စပြီး တရုတ် နိုင်ငံသားများသည် မြန်မာ စစ်အစိုးရ၏ ဆွဲဆောင်မှုကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ကျောက်စိမ်းတွင်း များတွင် အလုပ်လုပ်ရန် စိတ်ဝင်စားခဲ့ကြပြီး အချို့ ကလည်း ကျောက်စိမ်းနှင့် အခြား ကုန်စည်များကို ဈေးပေါပေါ ၀ယ်ယူ ရရှိနိုင်သဖြင့် မြန်မာနိုင်ငံ အတွင်း ၀င်ရောက် ခဲ့ကြသည်။

(၂၀၀၈) ခုနှစ် နှောင်းပိုင်းက တရုတ်နိုင်ငံမှ ကလေးငယ် (၅၀) ကျော်ကို တရုတ် – မြန်မာ နယ်စပ်ဒေသမှ မြန်မာ လူမှောင်ခိုဂိုဏ်းများက ပြန်ပေးဆွဲ ခဲ့သည်ကို ထောက်ပြပြီး ၀န်ကြီးဌာနက မြန်မာ နိုင်ငံအတွင်း ၀င်ရောက်ရေးကို သတိ ရှိသင့်ကြောင်း တိုက်တွန်း နှိုးဆော်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here