ချဲလ်ဆီး အသင်းအတွက် အကောင်းဆုံး ကြိုးစားခဲ့ဟု လမ်းပတ် ပြောကြား

alt

အင်္ဂလန် ကလပ် ချဲလ်ဆီးမှ ကွင်းလယ်လူ ဖရန့်လမ်းပတ်က ၎င်းတို့ အသင်းသည် ယနေ့ပွဲတွင် အကောင်းဆုံး ကြိုးစား သွားခဲ့ကြောင်း ပြောဆို လိုက်သည်။

ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွင် ချဲလ်ဆီးသည် အီတလီ မှ နာမည်ကျော် ဂျူဗင်တပ် ကလပ်ကို (၁) ဂိုး အသာဖြင့် အနိုင်ရကာ ချဲလ်ဆီး အသင်းမှ တိုက်စစ်မှူး ဒရော့ဘာက အစောပိုင်း ကတည်းက သွင်းယူပေးခဲ့သည့် အနိုင်ဂိုးကို အီတလီ  ဂျူဗင်တပ် ကလပ်မှ မချေပ နိုင်သောကြောင့် ချဲလ်ဆီး ကွင်းတွင် ဒူးထောက် ခဲ့ရသည်။

ယခု ရလဒ် အတွက် အလွန် ၀မ်းသာကြောင်း လမ်းပတ်က ပြောကြားလိုက်ကာ  မိမိ တို့အသင်းသည် ဖိအားများ အောက်တွင် ရုန်းကန်နေရသည့် အနေအထားမှ လွတ်မြောက်ခဲ့ပြီဟု ယုံကြည် မိကြောင်း လမ်းပတ်က ပွဲအပြီးတွင် အားကစား သတင်းထောက်များအား ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here