မန်ယူ နှင့် ပွဲစဉ်တွင် ဒိုင်ဘက်လိုက်သဖြင့် နစ်နာခဲ့ရဟု မော်ရင်ညို ပြောကြား

alt

အင်တာမီလန် နည်းပြ ဟိုဆေး မော်ရင်ညိုက မန်ချက်စတာ ယူနိုက်တက် နှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ၎င်းတို့ အသင်းသည် ဒိုင်၏ ဘက်လိုက်မှုကြောင့် နစ်နာခဲ့ရကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲသည် အီတလီ ချန်ပီယံ အင်တာအသင်း၏ ဆန်စီရို ကွင်းကြီး အတွင်း ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး နှစ်သင်းစလုံး တဖက်နှင့် တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့သည့် ပွဲဖြစ်သည်။

ပွဲအတွင်း ဒိုင်အား အော်ဟစ် နှောင့်ယှက်နေမှုကြောင့် မော်ရင်ညို တယောက် အဝါကတ် အပြခံ ခဲ့ရသေးသည်။ မော်ရင်ညိုက ၎င်း၏ ကစားသမားများသည် မကြာခဏ လဲကျနေသော မန်ချက်စတာ ကစားသမား များကြောင့် ဘောလုံးကိုပင် မထိရဲ လောက်အောင် ဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒိုင်လူကြီးသည် မန်ချက်စတာအား မျက်နှာသာ ပေးခဲ့ပြီး မလိုအပ်ဘဲ ပြစ်ဒါဏ်ဘောများ ပေးခဲ့သောကြောင့် ၎င်းတို့အသင်း ကစားရ ခက်ခဲ့ကြောင်း စွပ်စွဲလိုက်သည်။ ထိုပွဲသည် သေချာပေါက် နိုင်ရမည် ဖြစ်သော်လည်း ဒိုင်ကြောင့်သာ သရေကျခဲ့ခြင်းဟု မော်ရင်ညိုက ဆိုကြံုးဝါးသော်လည်း ပွဲစဉ်အတွင်း မန်ချက်စတာ အတွက် သေချာပေါက် ဂိုးသွင်းခွင့်များကို အင်တာ ဂိုးသမား ဆီဆာ က ကာကွယ် နိုင်လွန်းသဖြင့်သာ ဂိုးပြတ် မရှုံးခဲ့ရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here