ရိုင်စိုင်းသည့် သီချင်းစာသားများ လူငယ်များ အပေါ်သက်ရောက်မှုရှိ

alt

ရိုင်းစိုင်း ကြမ်းကြုတ်သော စာသားများ ထည့်သွင်း စပ်ဆို ထားသည့် သီချင်း များသည် လူငယ် များအား ငယ်ငယ် ရွယ်ရွယ် နှင့် လိင်မှု နယ်ပယ်အတွင်း ချဉ်းနင်း ၀င်ရောက်မိစေရန် ဆွဲဆောင်  သွားတတ်ကြောင်း

သုတေသီ များက ပြောကြား လိုက်သည်။

50 Cent ကဲ့သို့ ကမာ္ဘကျော် Hip Hop အဆိုတော်များသည် ၎င်းတို့၏ သီချင်းများ အတွင်း လိင်မှု ရေးရာများကို ကွက်ကွက်ကွင်းကွင်း ထည့်သွင်း စပ်ဆိုထားပြီး ထို သီချင်းများကို နားထောင်မိသည့် ကလေးငယ်များ အတွက် လမ်းမှား ရောက်စေရန် တွန်းအား ပေးနေကြောင်း ပစ်ဘတ်စ် တက္ကသိုလ်မှ ပညာရှင်များက စွပ်စွဲခဲ့သည်။

၎င်းတို့သည် အသက် (၁၃)နှစ် နှင့် (၁၈)နှစ် ကြား အမေရိကန် ကျောင်းသားများ အပေါ် သီချင်း စာသားများက လွှမ်းမိုး သက်ရောက်မှုအား စနစ်တကျ လေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် တနေ့လျှင် အချိန် နှစ်နာရီခွဲမျှ ထိုညစ်ညမ်း စာသားများနှင့် ထိတွေ့နေသည့် ကလေးငယ် များသည် စောစီးစွာပင် လိင် ဆက်ဆံမှု ပြုလုပ်တတ်သည်ကို အထင်အရှား တွေ့ရှိ လာရပြီး ထို အခြေအနေသည် မိဘများ အတွက် မေးခွန်းထုတ်စရာ အနေအထား တခုအဖြစ် ရှုမြင်သင့်ကြောင်း သုတေသီအဖွဲ့မှ ဒေါက်တာ ဘရိုင်ယန် ပရီမက် က ထုတ်ဖေါ် ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here