Gmail သုံးမရ ဖြစ်ခဲ့ခြင်းကို Google တောင်းပန်

alt

Google က ဖေဖော်ဝါရီလ (၂၄) ရက်နေ့ မနက်တွင် Gmail Account ကို နှစ်နာရီ ခွဲကြာမျှ အသုံးမပြုနိုင်ဘဲ Error တက်နေ စေခဲ့သည့် အတွက် ကမာ္ဘ အရပ်ရပ်မှ Gmail User သန်းပေါင်း များစွာကို ၀န်ချ တောင်းပန် လိုက်သည်။

 အဆိုပါ Error သည် ဗြိတိန်မှ ဩစတြေးလျအထိ တနံတလျား သွယ်တန်းလျှက် ရှိပြီး  နိုင်ငံများ အားလုံးတွင် အကျံုးဝင်ခဲ့ပြီး ဂရင်းနစ်စံချိန် နံနက် (၁၀း၂၅) မှ စတင်ပြီး Offline ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပျက်ခဲ့သည့် Service Error ကြောင့် အသုံးပြုသူ များအား အနူးအညွတ် တောင်းပန်ပါကြောင်း Google က ထုတ်ဖော် ကြေငြာသည်။ Offline ဖြစ်နေစဉ်အတွင်း အမြန်ဆုံး ပြန်လည် ကောင်းမွန်လာစေရန် ၎င်းတို့ အနေနှင့် အသည်းအသန် ကြိုးပမ်း ခဲ့ကြောင်းလည်း Google က ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

ယခု ဖြစ်ရပ်သည် ကမာ္ဘပေါ်ရှိ နာမည်အကြီးဆုံး Search Engine ကုမ္မဏီကြီး အတွက် တလအတွင်း ဒုတိယမြောက် ကြံုရသည့် Error ဖြစ်ပြီး မကြာသေးမီ ကလည်း Google Search တွင် အလားတူ Error မျိုး ဖြစ်ခဲ့သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here