ကျား အားတိုးဆေး ကြော်ငြာခဲ့သည့် ဒေးဗစ်ဘက်ဟမ်း

alt

ကမာ္ဘကျော် ဘောလုံးသမား ဒေးဗစ် ဘက်ဟမ်း သည် ယောက်ျား အားတိုးဆေး တမျိုးအတွက် ကြော်ငြာ ပေးခဲ့ပြီး ထိုကြော်ငြာကို တရုတ်ပြည်တွင် ထုတ်လွှင့် ပြသနေပြီ ဖြစ်သည်ဟု သိရှိရသည်။

USA Selikon ဟု အမည်ရသည့် အဆိုပါ ဆေးတောင့်ကြောင့် ဘက်ဟမ်း အနေနှင့် ဘောလုံး ကစားရာတွင် အမောခံနိုင်ပြီး ဗစ်တိုးရီးယား နှင့် သာယာသော အိမ်ထောင်မှုကို ဖန်တီး ထားနိုင်ခြင်းသည် အဆိုပါ ဆေးကြောင့်ဟု နောက်ခံ တရုတ်ဘာသာဖြင့် ပြောဆို ကြော်ညာ ထားသည်။

ဘက်ဟမ်းသည် အဆိုပါ ကြော်ငြာ ရိုက်ကူးမှုအား ကြိုတင် သတင်း ထုတ်ပြန်မှု မရှိခဲ့ဘဲ ကြော်ငြာ ထွက်ပေါ်လာမှ လူအများ သိရှိခဲ့ခြင်း ဖြစ်သည်။ ဘက်ဟမ်း ကဲ့သို့ပင် ရှောင်ကွန်နရီနှင့် ကီနူးရိဖ် စသည့် မင်းသားများမှာလည်း ထိုကဲ့သို့ အားတိုးဆေးများ ကြော်ငြာ ပေးခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here