ဒေါသ ကြီးခြင်းသည် ကျန်းမာရေး အတွက် အလွန်ဆိုးရွားနိုင်

alt

ဒေါသ ကြီးခြင်းသည် ကျန်းမာရေးကို အဆိုးရွားဆုံး ခြိမ်းခြောက် နိုင်သည့် အသံတိတ် လူသတ်သမား တဦး ဖြစ်ကြောင်း ဆေးသုတေသီ ဆရာဝန် များက သတိပေး လိုက်သည်။

 နှလုံး နှင့် ဆက်ဆိုင်သော ဝေဒနာများ ခံစားရသည့် လူနာများကို စနစ်တကျ လေ့လာပြီးနောက် ဒေါသကြောင့် နှလုံုး ရောဂါ ဖောက်ပြီး သေဆုံးမှုမှာ ကမာ္ဘ တလွှားတွင် တနေ့တခြား မြင့်မား လာနေကြောင်း အမေရိကန် ပြည်ထောင်စု၊ ယေးလ် တက္ကသိုလ် မှ ဒေါက်တာ ရေချယ်လ် လမ်းပတ် က သတင်းမီဒီယာသို့ ပြောကြားလိုက်သည်။

ဒေါသကြောင့် နှလုံးသွေး လည်ပတ်မှုကို မည်သည့် အတိုင်းအတာထိ ရိုက်ခတ်နိုင်ကြောင်း စနစ်တကျ စူးစမ်း ခဲ့ပြီးနောက် ဒေါသထွက်နေသည့် စိတ် အခြေအနေသည် လူတဦး၏ ခန္ဓာကိုယ် အတွင်း ဟိုမုန်း ဖောက်ပြန်မှုများကို ရုတ်တရက် ကြီးထွား လာစေတတ်ကြောင်း ပြောဆိုခဲ့သည်။

T- Wave ဟု အမည် ပေးထားသည့် စမ်းသပ်မှုသည် လက်တလော ဒေါသထွက်စရာ အခြေအနေများ ကြံုထားရသည့် လူနာများ၏ စိတ် အခြေအနေကို လျှို့ဝှက် မှတ်တမ်းတင်သည့် လုပ်ငန်းဖြစ်ပြီး ထိုသုတေသန နည်းလမ်းဖြင့် လူဦးရေ (၆၂) ဦးကို လေ့လာခဲ့ကြောင်း ရေချယ်လ် က ရှင်းပြခဲ့သည်။

ဒေါသစိတ်သည် အလွန် ကြောက်စရာကောင်းသည့် ရောဂါတခုဟုလည်း ယူဆနိုင်ပါကြောင်း ရေချယ်လ်က ပြောဆိုခဲ့သည်။ ယမန်နှစ် အတွင်းက အမေရိကန်ပြည်ထောင်စုမှ လူပေါင်း (၄၀၀၀၀၀) ကျော်သည် ဒေါသကြောင့် ရုတ်တရတ် နှလုံးဖောက်ပြန်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here