ဂွာတာနာမို အကျဉ်းစခန်း၏ ဆိုးယုတ်မှုများ အကျဉ်းသားဟောင်း ဖွင့်ချ

alt

ဂွာတာနာမိုမှ ဗြိတိန်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် အကျဉ်းသား ဘင်ယမ် မိုဟာမက်က ကျူးဘား ပင်လယ်အော် အတွင်းရှိ ဂွာတာနာမို စစ်အကျဉ်း စခန်းကြီး၏ ဆိုးယုတ်မှုများကို ပြစ်တင် ဝေဖန် လိုက်သည်။

 ထို့အပြင် အသက် (၃၀) အရွယ် အီသီယိုးပီးယား ဇာတိဖွား အကြမ်းဖက် သမားက ဗြိတိန်ကို ပြန်ရောက်လာသည့် အတွက် တရားမျှတမှုကိုသာ ရင်ဆိုင်လိုပြီး ကလဲ့စားချေမှု များနှင့် မတွေ့ ကြံုလိုကြောင်း ပြောကြားလိုက်သည်။

ဘင်ယမ်သည် ၂၀၀၁ခုနှစ် ဂျွန်လ အာဖကန် နစ္စတန်ရှိ အယ်ကိုင်းဒါများထံ စစ်သင်တန်း တက်ရောက်ပြီး အပြန် ပါကစ္စတန်နိုင်ငံ ကရာချိ လေဆိပ်တွင်  ၁၀ရက် ဧပြီလ ၂၀၀၂ခုနှစ်တွင် ဖမ်းဆီးခံရကာ နာမည်ဆိုးနှင့် ကျော်ကြားသည့် စစ်အကျဉ်း စခန်းကြီး အတွင်း (၄)နှစ်ကြာ နေထိုင်ခဲ့ရသူ ဖြစ်သည်။

၎င်းအား ပြန်လည် လွှဲပြောင်းပေးရန် ဗြိတိန် အစိုးရက အမေရိကန် အစိုးရထံ ပန်ကြားခဲ့ရာ အမေရိကန်က လက်ခံခဲ့သဖြင့် (၁၀) နာရီကြာ လေယာဉ် ခရီးစဉ်ဖြင့်် ဇာတိနိုင်ငံ ဗြိတိန်သို့ ပြန်လည် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လန်ဒန်သို့ ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကာ ဘင်ယမ်က လန်ဒန်တွင် ၎င်းရှိနေစဉ် အသက်အန္တရာယ် အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here