Social Networking ဝဘ်ဆိုဒ်များကြောင့် လူငယ်များ ဦးနှောက် ထိခိုက်မှုရှိနိုင်

alt

Facebook၊ Myspace နှင့် Friendster ကဲ့သို့ Social Networking ၀ဘ်ဆိုဒ်များ အသုံးပြုသည့် ကလေးငယ်များသည် ဦးနှောက်ပိုင်း ဆိုင်ရာ ထိခိုက်မှုများ ရှိနိုင်ကြောင်း သုတေသီများက သတိ ပေးလိုက်သည်။

 နာမည်ကျော် ဗြိတိသျှ အာရုံကြောပါရဂူ ဆူဆန် ဂရင်းဖီးလ် က Facebook၊ Twitter နှင့် Bebo တို့တွင် လူငယ်အရေ အတွက် သိသာစွာ တိုးပွားလာမှုမှာ အန္တရာယ်ကို လက်ယပ် ခေါ်နေသည့် အခြေအနေ တခုပင်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

Facebook တွင် User သန်း(၁၅၀)အထိ တိုးပွားလာပြီး အများစုသည် (၁၆) နှစ် အောက် လူငယ်များ ဖြစ်လာသည်ကို စိတ်ပူမိပါကြောင်း ဆူဆန်က ၀န်ခံခဲ့သည်။ Social Networking ၀ဘ်ဆိုဒ် များသည် နည်းပညာ မြင့်မား တိုးတက်လာမှု၏ အသီးအပွင့်များဟု လက်ခံနိုင်သော်လည်း မိဘများနှင့် ဆရာများ ကိုယ်တိုင်က အဆိုပါ ၀ဘ်ဆိုဒ်များနှင့် အထိအတွေ့ များသော ကလေးများတွင် ကိုယ်ရည်ကိုယ်သွေး ကျဆင်းလာသည်ကို သိရှိလာကြကြောင်း ဆူဆန်က ထောက်ပြခဲ့သည်။

အဆိုပါ ၀ဘ်ဆိုဒ်များတွင် သာယာ ပျော်ရွှင်နေမိသော ကလေးများသည် ၎င်းတို့၏ ပင်ကိုယ် ဖန်တီးနိုင်စွမ်း အရည်အသွေးများ လျော့ပါးလာတတ်ပြီး ဦးနှောက် အသိဉာဏ် စွမ်းရည်ကိုပါ ဆိုးဆိုးရွားရွား ပျက်စီးလာစေနိုင်ကြောင်း ဆူဆန်က ထောက်ပြ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here