မန်ယူ နှင့် ချန်ပီယံလိဂ်ပွဲ အကြို အင်တာမီလန်း၏ ကြိုးကိုင်သူ မော်ရင်ဟို၏ စိတ်ဓာတ် စစ်ဆင်ရေး

alt

ခံစစ် အားနည်းမှုများ ရှိနေသော မန်ချက်စတာ ယူနိုက်တက် အတွက် ၎င်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာ မိုဗစ်ချ် သည် သွေးပျက်စရာ တစ္ဆေ တကောင် ဖြစ်လာမည်ဟု အင်တာမီလန်း နည်းပြ ဟိုဆေး မော်ရင်ဟို က ၀ံ့ကြွား ပြောဆို လိုက်သည်။

 အသက် (၂၈) နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူးသည် အင်တာမီလန်း အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး အီတလီ စီးရီးအေ အမှတ်ပေး ပြိုင်ပွဲတွင် ချန်ပီယံ အင်တာမီလန်း အသင်း ထိပ်ဆုံးမှ ပြတ်ပြတ်သားသား ရပ်တည်နေမှု အတွက် အဓိက နေရာမှ ပါ၀င်လျှက်ရှိသည်။

ကမာ္ဘပေါ်တွင် ခရစ် စတီယာနို ရော်နာဒို နှင့် လီယွန်နယ် မက်ဆီ ကဲ့သို့ ထိပ်တန်း ကစားသမားများ ရှိနေသေးသော်လည်း ၎င်း၏ တိုက်စစ်မှူးသည် အရည်အသွေး အပြည့်ဝဆုံးဟု မော်ရင်ဟို ကဆိုသည်။

မော်ရင်ဟို က ၎င်းသည် ပေါ်တို အသင်းအား ကိုင်တွယ်ပြီး မန်ချက်စတာ ကို ဖြတ်ကျော်ကာ ဗိုလ်စွဲခဲ့ဖူးပြီး ယခုလည်း သမိုင်း တပတ်လည်ကာ အင်တာ နှင့် အတူ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်မည်ဟု ယုံကြည်ကြောင်း ထပ်လောင်း ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် အင်တာရော၊ မန်ချက်စတာပါ သက်ဆိုင်ရာ အမှတ်ပေး ပွဲများတွင် ပြတ်ပြတ်သားသား ဦးဆောင်နေသဖြင့် ချန်ပီယံလိဂ်ကို အာရုံ အပြည့် စိုက်ထားသော်လည်း မန်ချက်စတာတွင် ဒါဏ်ရာ ပြဿနာများကြောင့် အခက်အခဲ အချို့ ရှိနေသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here