ဗြိတိန် ဆယ်ကျော်သက်များ၏ လိင်မှု ဆက်ဆံရေး အတွက် ဝန်ကြီးများကပါ အကြံပေးရ

alt

ဗြိတိန်မှ ၀န်ကြီးများက မိဘများ အနေနှင့် ဆယ်ကျော်သက် အရွယ် သားသမီး များအား လိင်မှု ဆက်ဆံရေးနှင့် ပတ်သက်ပြီး မည်သည့် နည်းလမ်းက မှန်ပြီး မည်သည့် နည်းလမ်းက

မှားသည်ဟု သွန်သင်ပေးမှုမျိုး မပြုလုပ် သင့်ကြောင်း ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပြောကြားလိုက်သည်။

အနောက် နိုင်ငံများတွင် မိဘများက သားသမီးများအား ကွန်ဒုံး အသုံးပြုနည်း အပါအဝင် လိင်မှုဆိုင်ရာ နည်းလမ်းများကို အသက် (၁၃) နှစ် အရွယ်ခန့်မှ စတင်ပြီး သင်ကြားပေးကြပြီး ထိုအပြုအမူသည် ကလေးများကို လမ်းမှား ရောက်စေ နိုင်ကြောင်း ကလေးသူငယ် စောင့်ရှောက်မှု ဆိုင်ရာ ၀န်ကြီးဖြစ်သည့် ဘီဗာလီဟုချ် က သတိပေးခဲ့သည်။

ထို့အတူ ပညာရေး ၀န်ကြီးဌာန နှင့် ကျန်းမာရေး ၀န်ကြီးဌာန များကလည်း ဗြိတိန်ရှိ မိဘများသည် သားသမီးများကို သိသင့်သည် ထင်၍ အသိပေးနေသော ကိစ္စများကို ပြန်လည် သုံးသပ်သင့်ကြောင်း ထပ်မံ ကြေငြာခဲ့သည်။ မိဘများ၏ သွန်သင် ဆုံးမမှုသည် ကလေးငယ်များအား လိင်မှုဆို်င်ရာ အာရုံများဆီသို့ မရည်ရွယ်ဘဲ ဆွဲဆောင် နေသကဲ့သို့ ဖြစ်သွားစေနိုင်ကြောင်း ဗြိတိန်နိုင်ငံမှ ကလေးနှင့် ကျောင်းသင်ပညာ လေ့လာရေး ဗဟိုဌာနက ပြောကြားခဲ့သည်။

မကြာသေးမီ ရက်များ အတွင်းက အသက် (၁၃) နှစ်အရွယ် ကလေးငယ် တဦးသည် သမီးကလေး မွေးဖွားခဲ့သောကြောင့် ဗြိတိန်နိုင်ငံ တဝှမ်းတွင် ဟိုးလေးတကျော် ဖြစ်ခဲ့ရပြီး ဗြိတိန်နိုင်ငံ၏ ကလေးသူငယ် စောင့်ရှောက်ရေး ကျင့်ထုံးများမှာလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here