ကံကောင်းလို့ အော်စကာဆု ရခဲ့တဲ့ ကိတ်ဝင်းဆလက်

alt

The Reader ဇာတ်ကားဖြင့် ယမန်နေ့က အော်စကာဆု ရရှိခဲ့သည့် မင်းသမီး ကိတ်ဝင်းဆလက်သည် ကံကောင်း ထောက်မစွာဖြင့် အဆိုပါ ဇာတ်ကားကို ရိုက်ကူးခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ထုတ်လုပ်သူ ၀ိန်း စတိုင်းက ပြောကြား လိုက်သည်။

သူမသည် မူလ ကမ်းလှမ်းထားသည့် မင်းသမီး မဟုတ်ရဘဲ ထိုဇာတ်ကား အတွက် ဦးစွာ လျာထားသည့် မင်းသမီးသည် နစ်ခိုးလ် ကစ်မင်း ဖြစ်ကြောင်း ၀ိန်းစတိန်းက ဆိုသည်။ သိုု့သော်လည်း ဇါတ်ကား ရိုက်ကူးမည့် အချိန်တွင် ကစ်မင်းမှာ ကိုယ်ဝန်ရလာပြီး ကလေး မီးဖွားရန် ကိစ္စပေါ်လာသဖြင့် The Reader တွင် နစ်ခိုးလ် ပါ၀င် သရုပ်ဆောင်ခွင့်ကို လက်လွှတ် ဆုံးရှုံး ခံလိုက်ရသည်။

ထို့နောက် အခြား မင်းသမီး (၂) ဦးကို အစားထိုးရန် စီစဉ်ခဲ့ ပြန်ရာတွင်လည်း အဆင်မပြေခဲ့ပေ။ ထိုအချိန်တွင် ကိတ်ဝင်း ဆလက် မှာ Revolutionary Road ဇာတ်ကားအား ရိုက်ကူးနေလျက် ရှိနေပြီး ဒါရိုက်တာ စတီဖင် ဒဲဒရိတ် က တောင်းဆိုသောကြောင့် သူမအား ကမ်းလှမ်း ဖြစ်ခဲ့ရာမှ ယခုကဲ့သို့ အော်စကာဆု ရရှိသည် အထိ အောင်မြင်မှုများ ရရှိခဲ့ခြင်းဟု ၀ိန်းစတိန်းက ရှင်းပြသွားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here