မြန်မာအမျိုးသမီး တဦး ဒူဘိုင်းတွင် သတ်ခံရ

alt

ယခင်အပါတ် တနင်္ဂနွေနေ့ က အာရပ် စော်ဘွားများ သမတနိုင်ငံ ဒူဘိုင်းမြို့ အယ်လ် နာဒ အရပ်တွင် ဆောက်လုပ်ရေး လုပ်သားတဦး လမ်းအောက် ရေပိုက်၊ ရေဆိုး မြောင်းများ ပြုပြင်နေစဉ် နံက် ၁၀ နာရီခန့်၌

မြန်မာ အမျိုးသမီး တဦး၏ အလောင်းအား စတင် တွေ့ရှိသည်ဟု ဒူဘိုင်း မှုခင်းရဲမှ သတင်း ထုတ်ပြန် ကြေညာသည်။

Gulf News သတင်းဋ္ဌာနသို့ မျက်မြင် သက်သေများ ပြောကြားရာတွင် လမ်းအောက် ရေဆိုးပိုက်ခေါင်း အတွင်း တွေ့ရှိရသော သူမ အလောင်းမှာ အလွန်ပင် ဆိုးဆိုးရွားရွား ဖြစ်နေပြီး၊ အဝတ်အစား လုံးဝ မပါဟု ဆိုသည်။ စတင်တွေ့ရှိသော ဆောက်လုပ်ရေး အလုပ်သမား ပြောပြချက်အရ စစချင်း သူမရဲ့ ခြေထောက်ကို အရင်စတွေ့ပါတယ်၊ ရေမြောင်းကနေ ဆွဲထုတ် လိုက်တော့ အတော်အခြေအနေဆိုး ဖြစ်နေတာ တွေ့ရတယ် မယုံကြည် နိုင်လောက်အောင် သူမ ဘယ်လို ထောင်ချောက်တွေထဲ ဆင်းသက်ခဲ့ရလဲ မသိဟု ဖြေဆိုသွားသည်။

ဒူဘိုင်း မှုခင်း ရဲတပ်ဖွဲ့မှ ဒါရိုက်တာ ဗိုလ်မှူးကြီး ခါလစ် အယ် မန်ဆောရီက အခင်း ဖြစ်ပွားပြီးနောက် မီဒီယာသို့ လွန်ခဲ့တဲ့ ၅ရက်လောက်က အလုပ်ရှင် Emirates လေကြောင်းလိုင်းက မြန်မာအမျိုးသမီး စာပွဲထိုးမလေးက သူ့အခန်းဖေါ် ပျောက်ဆုံးနေကြောင်း အကြောင်းကြား ထားသည်ဟု ထုတ်ဖေါ် ပြောဆိုလိုက်သည်။ နောက်ပိုင်း မှုခင်း ရဲတပ်ဖွဲ့မှ စစ်ဆေးချက်များအရ သူမနှင့် အဆက်အဆံ ရှိသူတဦး ဖြစ်သော အိန္ဒိယ အမျိုးသား အဖေါ်ဖြစ်သူမှာ ရဲအား တိုင်ချက်မဖွင့်ခင် အချိန်ပိုင်းအထိ နောက်ဆုံးတွေ့ခဲ့ရသူ ဖြစ်သည်ဟု သူ၏ ထွက်ဆိုချက်များ အရ သိရှိရသည်။

သူမ၏ အခန်းဖေါ် ပြောပြချက် များအရ သူမမှာ အသက်၃၀ ရှိပြီဖြစ်ပြီး အလွန်ဖေါ်ရွေကာ လှပကြောင်း၊ ကိုယ်လုံး ကိုယ်ပေါက် ကျစ်လစ် သေးသွယ်ပြီး ချစ်ခင်စရာ ကောင်းကြောင်း သူမကို သူငယ်ချင်းတဦးမှ ချစ်ခွင့်ပန်ထားသည်မှာ  ၁၅ရက်၊ ရက် ၂၀ လောက်ရှိပြီ ဖြစ်ကြောင်း သူမ သူ့အား ပြောပြပြီး၊ ထိုသူတို့ နှစ်ဦး၏ ဆက်ဆံရေးတော့ အတိအကျ မသိပါဟု ဖြေကြားသည်၊ သူမနှင့် အတူ ဒူဘိုင်းသို့ မနှစ်က စက်တင်ဘာလတွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ဆက်လက်၍ အခန်းဖေါ်က သူမနဲ့ ကျမ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၅) ရက်နေ့က ဂျူတီချိန်မှာ နောက်ဆုံးတွေ့ခဲ့ ရပါသည်ဟု ဖြည့်စွက် ဖြေကြားသည်။

Emirates လေကြောင်းလိုင်း ကတော့ ဒါဟာ မှုခင်းဖြစ်လို့ ရဲနဲ့သာ သက်ဆိုင်ပြီး သီးသန့်မှတ်ချက် မပေးလိုဟု ငြင်းဆန်သည်ကို တနင်္လာနေ့ထုတ် ပင်လယ်ကွေ့ သတင်းစာတွင် ရေးသားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here