တရုတ် မြန်မာ နယ်စပ် ယူနန်ဒေသတွင် တောမီးလောင်နေ

alt

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်စပ်တွင် တောမီးပျံ့နှံ့ လောင်ကျွမ်းနေပြီး ဗုဒ္ဓဟူးနေ့လောက်မှ ထိမ်းချုပ် ငြိမ်းသတ်နိုင်မည်ဟု တရုတ် မီးသတ်တပ်ဖွဲ့မှ ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားလိုက်သည်။

တောမီးမှ ယူနန်ပြည်နယ် အနောက် တောင်ဖက် အခြမ်းတွင် လောင်ကျွမ်းနေပြီး တောင်ဖက် အခြမ်းမှ စတင်ခဲ့ခြင်း ဖြစ်ကာ လူဦးရေ ၆၀၀ ကျော် မီးလွတ်ရာသို့ ရွေ့ပြောင်း နေထိုင်ခဲ့ရပြီး၊ အသေအပျောက် ဒါဏ်ရာ ရရှိမှု အခြေအနေ မသိရှိရသေး သော်လည်း ရဲတပ်သား ၁၀၀၊ စစ်သား ၂၈၀၊ နှင့် ရွာသား ၃၀၀ ခန့် တောင်ပိုင်းရှိ တောမီးလျှံ များအား ငြိမ်းသတ်ရန် ကြိုပမ်းလျှက်ရှိသည်။

မီးလောင်သစ်တော ၁၀ ဟက်တာ ခန့်ရှိပြီဟု ခန့်မှန်း ထားကြောင်း တရုတ် အာဏာပိုင်များက ပြောဆိုသည်။ ၄ရက်ကြာပြီ ဖြစ်သော ထိုမီးမှာ မြန်မာ-တရုတ် နယ်ခြားရှိ ၃၀၀ ဟက်တာ ကျယ်ဝန်းသော ထိုဒေသတွင် ဟက်တာဧက ၆၀ခန့် လောင်ကျွမ်း ဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ထိုမီးကို ငြိမ်းသတ်ရန် လူအင်အား ၄၀၀၀ ကျော် လိုအပ်လျှက် ရှိသည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

လေနှုန်း အလွန် ပြင်းထန်နေပြီး တောတောင်ထူထပ် မြှင့်မားကာ စစ်ပွဲတပွဲလို ငြိမ်းသတ်ရမည် ဖြစ်ကြောင်း တန်ချောင် ကောင်တီ ပြောရေးဆိုခွင့် ရှိသူမှ ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here