ရီဟန်နာ နှင့် ခရစ္စဘရောင်းတို့ စုံတွဲ အဆက်ပြတ် သွားပြီဟုဆို

alt

ရီဟန်နာ နှင့် ခရစ်ဘရောင်းတို့ ပြဿနာ တက်ကြပြီးနောက် အဆက်ပြတ် သွားပြီဟု ဟောလီးဝုဒ် အတင်းအဖျင်း ၀က်ဘ်ဆိုက် များက ခန့်မှန်း ပြောကြားနေကြသည်ကို ဆက်လက်ကြားသိရသည်။

 အသက်(၂၀) နှစ်ရှိ နာမည်ကြီး R&B အဆိုတော်မလေး၏ မျက်နှာကို ရုပ်ပျက်ဆင်းပျက် ဒါဏ်ရာများ ရရှိစေသည် အထိ ရက်စက်စွာ နှိပ်စက်ခဲ့သော ဟစ်ဟော့ အဆိုတော် မစ္စတာ ဘရောင်း ( ၁၉နှစ်) သည် ယခင်အပါတ်က ရဲဌာနသို့လည်း ခေါ်ယူစစ်ဆေး ထိမ်းသိမ်း ခံခဲ့ရသေးသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စပြီး ဒါဏ်ရာ ဒါဏ်ချက်များ မျက်နှာတွင် ပြည့်နှက်နေသည့် ရီဟန်နာ၏ ဓာတ်ပုံကို သတင်းများတွင် ဖော်ပြ ခဲ့ပြီးနောက် ထိုလူငယ် စုံတွဲ၏ လမ်းခွဲမှု သတင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့သည်။

TMZ ၏ ဖော်ပြမှုအရ ရီဟန်နာ၏ နှာခေါင်းတွင် အညိုအမည်းများ စွဲထင်နေပြီး နှုတ်ခမ်းတွင်လည်း သွေးစို့နေသည့် ဒါဏ်ရာများကို တွေ့ရှိရသည့် အပြင် ဒေါ်လာသန်းချီရမည့် သူမ၏ မလေးရှားကွန်ဆတ် လက်ခံ ထားသည်ကိုလဲ ဖျက်လိုက်ရကာ လက်တလော အခြေအနေတွင် ရီဟန်နာသည် သူမ၏ မွေးရပ် ကာရစ်ဘီယံ ပင်လယ်တွင်းမှ ဘာဘေးဒိုးသို့ ပြန်သွားခဲ့ပြီး အသက်(၁၉)နှစ် အရွယ် ဘရောင်း ကလည်း ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို ထုတ်ဖော် ပြောဆိုရန် မီဒီယာများသို့ ငြင်းဆန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here