ဂျုပီတာဂြိုလ်ကို နာဆာ နှင့် အီးယူ အာကာသ အေဂျင်စီတို့ ပူးပေါင်းလေ့လာမည်

alt

နာဆာနှင့် ဥရောပ အာကာသ အေဂျင်စီတို့ ပူးပေါင်းကာ ဂျူပီတာဂြိုဟ်ကို လေ့လာမှုများ ပြုလုပ်သွားရန် စတင် စီစဉ်နေကြောင်း အဖွဲ့အစည်း (၂) ခုလုံးက သတင်း ထုတ်ပြန် ကြေညာခဲ့သည်။

 ဓာတ်ငွေ့များ ပေါကြွယ်ဝသည့် ဂျူပီတာဂြိုဟ် မျက်နှာပြင်ကို လေ့လာမှုများ ပြုလုပ်နိုင်မည့် စက်ရုပ်နှစ်ခု လွှတ်တင်သွားရန် အဖွဲ့နှစ်ခု သဘောတူညီ ခဲ့ပြီး (၂၀၂၆) ခုနှစ်တွင် အကောင်အထည် ပေါ်လာမည့် အဆိုပါ ပရောဂျက်မှာ ဒေါ်လာ ဘီလျံများစွာ ကုန်ကျမည်ဟု သိရသည်။

စက်ရုပ်တခုစီကို အဖွဲ့အစည်း တခုစီက တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး ယခု ပရောဂျက်သည် နေအဖွဲ့ အစည်းအကြောင်း လူသားများ ပိုမို သိရှိ လာနိုင်စေရေး အရေးပါသည့် ခြေလှမ်းတခုဟု နာဆာက ရည်ညွှန်းခဲ့သည်။

ဂျူပီတာအား ဓာတ်ငွေ့ ဘီလူးကြီးဟု တင်စား ခေါ်ဝေါ်နေကြပြီး ၎င်းတွင် ဂြိုဟ်ရံလ (၄) လုံးရှိသည် ဆိုသည့် အချက်များမှ လွဲပြီး အသေးစိတ် တိတိကျကျ ဖော်ထုတ်နိုင်မှုများ မရှိသေးသောကြောင့် ယခု ပရောဂျက်အား နက္ခဗေဒ ပညာရှင်များက မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here