Slumdog Millionaire ဇာတ်ကားနှင့် အော်စကာဆုများ ဘောလီးဝုဒ်က သိမ်းကြံုးဆွတ်ခူးသွား

alt

(၈၁) ကြိမ်မြောက် အော်စကာ ဆုနှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ညက ဟောလီးဝုဒ် ဟိုက်လန်း ကိုဒတ် ခမ်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဘောလီးဝုဒ် ဇါတ်ဆောင်းများသာ ပါဝင်သည့် Slumdog Millionaire ဇာတ်ကားက ဆု(၈)ခုဖြင့် အောင်ပွဲ ခံသွားခဲ့သည်။

 ဒယ်နီဘွိုင်း သည် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး အကောင်းဆုံး ဇာတ်ကား ဆုကိုလည်း ၎င်းရိုက်ကူးသည့် Slumdog Millionaire ကပင် ရရှိခဲ့သည်။ မင်းသားဆုကို Milk ဇါတ်ကားမှ ရှောင်ပိန်း( အဆိုတော် မက်ဒေါနား၏ ခင်ပွန်းဟောင်း ) က ရရှိခဲ့ပြီး အမျိုးသား ဇာတ်ပို့ဆုကိုမူ ပြီးခဲ့သောနှစ် ဇန်နဝါရီလက မူးယစ်ဆေး အလွန်အကျွံသုံးစွဲ၍ ကွယ်လွန်သွားသည့် ဟိသ်လက်ဂျာက The Dark Knight ဇာတ်ကားဖြင့် ရရှိသည်။ မင်းသမီးဆုကို ယခုနှစ် အတွင်း ထူးချွန်ဆုများစွာ ရရှိနေသည့် ကိတ်ဝင်း ဆလက် ကပင် ရယူနိုင်ခဲ့ပြီး အမျိုးသမီး ဇာတ်ပို့ဆုကို Vicky Cristina Barcelona မှ ပယ်နီလုပ် ခရုစ် ကပင် ရရှိသွားသည်။ ဘရတ်ပစ် သရုပ်ဆောင်ထားသည့် The Curious Case of Benjamin Button ဇာတ်ကားက အော်စကာ(၃)ဆု ရရှိခဲ့ပြီး ကာတွန်းရုပ်ရှင်ဆုကို Wall – E ဇာတ်ကားက ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here