အိမ်ကွင်းတွင် သရေကျခဲ့သည့် လီဗာပူးလ် မန်ယူ နှင့် အမှတ်ပြတ်ကျန်ရစ်

alt

လီဗာပူး အသင်းသည် မန်ချက်စတာ စီးတီး အား အိမ်ကွင်းတွင် အနိုင် မကစားနိုင် ခဲ့သဖြင့် မန်ချက်စတာ ယူနိုက်တက် နှင့် (၇) မှတ် ပြတ်သွားပြီး အမှတ်ပေး ချန်ပီယံဆု အတွက် ရည်မှန်းချက်များ မှုန်ဝါး လာခဲ့ပြီဖြစ်သည်။

 ထိုပွဲတွင် သရေ ကျခဲ့ခြင်းကြောင့် မန်ချက်စတာ စီးတီး အနေနှင့် မြို့ခံ အသင်း မန်ချက်စတာ ယူနိုက်တက်အား ကူညီခဲ့သည့်နှယ် ဖြစ်ခဲ့ပြီး လီဗာပူး အတွက် အသည်းကွဲစေမည့် ဂိုးအား ဝေးလ် တိုက်စစ်မှူး ခရိတ် ဘယ်လာမီ က သွင်းယူ ပေးခဲ့သည်။

ထိုဂိုးကို ဟော်လန် ရှေ့တန်းလူ ဒါကောက်ဂျ်က ချေပ နိုင်ခဲ့သော်လည်း လီဗာပူးအသင်း အတွက် (၃) မှတ် ရရှိစေမည့် ဂိုးကိုမူ မည်သူကမျှ သွင်းမပေး နိုင်သဖြင့် မန်ချက်စတာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်တွင် (၃) နှစ်ဆက်တိုက် ဗိုလ်စွဲရန် အလားအလာ အလွန်ကောင်း လာပြီဖြစ်သည်။

ထိုပွဲတွင် လီဗာပူးဘက်မှ နာမည်ကြီး စပိန်တိုက် စစ်မှူး တောရက်စ် ၀င်ကစားခဲ့သော်လည်း ခြေစွမ်း မပြနိုင်ဘဲ မန်ချက်စတာ စီးတီး ခံစစ်မှူးများ၏ ထိန်းချုပ်မှုမှ ရုန်းမထွက်နိုင် သဖြင့် လီဗာပူး တိုက်စစ်မှာ ဦးတည်ချက် ပျောက်နေခဲ့ပြီး မန်ချက်စတာ စီးတီး၏ တန်ပြန် ဖိအားပေးမှုများကို အသည်းအသန် ကာကွယ်ခဲ့ရကြောင်း မနေ့က ပွဲစဉ်များတွင် ရှုမြင်ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here