ဗြိတိန် လူငယ်များ အရက်မှုးပြီး မှားကြသမျှ

alt

ဗြိတိန်နိုင်ငံမှ လူငယ်ဦးရေ၏ (၃)ပုံ (၁)ပုံ သည် တညတာမျှ အရက်မူးမိ သဖြင့် မှောက်မှားမှုများ ဖြစ်ပေါ်ကာ နောင်တရ နေရကြောင်း စစ်တမ်းများ အရ သိရှိရသည်။

 အသက် (၁၆) နှစ်မှ (၂၄) နှစ်ကြား လူငယ် (၂၀၀၀) ခန့်ကို youth-net မှ သဘောထား ကောက်ခံမှုများ ပြုလုပ်ခဲ့ရာ (၃) ရာခိုင်နှုန်း မျှသည် ၎င်းတို့၏ အပျိုရည်ကို အသက် (၁၅) နှစ် နှင့် အောက်တွင်ပင် ဆုံးရှုံး ခဲ့ပြီးကြောင်း ၀န်ခ ံခဲ့ကြသည်။

ထို့အပြင် ပထမဆုံး လိင်ဆက်ဆံမှု အတွေ့အကြံုကို ရရှိခဲ့သည့် လူငယ် အများစုသည် ထိုအချိန်က အရက်မူး နေကြကြောင်း ၀န်ခံ ခဲ့ကြသည်။ ၎င်း တို့အနက် (၂၀) ရာခိုင်နှုန်းသည် အရက်မူး နေသောကြောင့် တစိမ်းတရံဆံ များနှင့် အလွယ်တကူ ကျွမ်းဝင်မိပြီး ထိုတစိမ်း၏ နေအိမ်သို့ လိုက်သွား ခဲ့မိကြောင်း ဖြေကြားခဲ့ ကြသည်။

(၂၅) ရာခိုင်နှုန်းနှင့် အထက် လူငယ်များက ၎င်းတို့၏ အပျိုရည် ပျက်စီးသွားမှု အတွက် နောင်တရ ကြေကွဲမိကြောင်း ၀န်ခံ ခဲ့ကြပြီး (၄၀) ရာခိုင်နှုန်းက အဆိုပါ အခြေအနေမျိုး ရောက်ရှိ သွားချိန်တွင် မိမိကိုယ်ကို အလွန်ငယ်သေးသည်ဟု ယူဆမိကြောင်း ပြောကြား ခဲ့ကြသည်။ (၇၅) ရာခိုင်နှုန်း ကမူ ၎င်းတို့၏ ပထမဆုံး လိင် ဆက်ဆံဖက်သည် အမှန်အားဖြင့် သင့်တော်သူ မဟုတ်ခဲ့ကြောင်း ယူဆနေကြပြီး (၄၀) ရာခိုင်နှုန်း ကမူ မသွားသင့်သည့် နေရာကို သွားမိခဲ့သဖြင့် နယ်ကျွံခဲ့ရကြောင်း သုံးသပ်ခဲ့ကြသည်။

(၃၂) ရာခိုင်နှုန်းသော လူငယ်များက အသိစိတ်က မကောင်းမှန်း သိသည့်တိုင် အရက်၏ တန်ခိုးကြောင့် ထိန်းချုပ်မှုများ ပျောက်ဆုံးကာ လိင် ဆက်ဆံမှု ပြုမိခဲ့ကြကြောင်း ၀န်ခံခဲ့ကြသည်။ စစ်တမ်းများအရ လူငယ်ထု၏ (၉၀) ရာခိုင်နှုန်းသည် လိင် အတွေ့အကြံု ရရှိပြီး ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အနက် (၅၅) ရာခိုင်နှုန်းသည် မှားယွင်းခဲ့ပြီး နောက်မှ ကူးစက်ရောဂါများ ရရှိလာမည်ကို စိုးရွံ့ နေတတ်ကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here