မြန်မာ စစ်အစိုးရ ပြန်လွှတ်ပေးသည့် အကျဉ်းသာများအနက် နိုင်ငံရေး အကျဉ်းသား အချို့သာပါဝင်

alt

မြန်မာ စစ်အစိုးရသည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့က အကျဉ်းသား (၆၃၁၃)ဦး ကို ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား (၁၉) ဦးလည်း ပါလာ ခဲ့ကြောင်း သိရှိရသည်။

 ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုမက်စ် အိုဂျယ် ကွင်တာနာ၏ (၆)ရက် ခရီးစဉ် ပြီးဆုံးပြီးနောက် မြန်မာ စစ်အာဏာပိုင်များက (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ဟု ဆိုကာ အကျဉ်းသား (၆၀၀၀) ကျော်ကို ပြန်လွှတ် ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေး အကျဉ်းသား အင်းစိန် ထောင်ကြီးမှ အကျဉ်းသား (၁၆) ဦးနှင့် မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသား (၃) ဦးတို့မှာ အဆိုပါ လွတ်မြောက် လာသူများတွင် ပါ၀င်နေခဲ့ပြီး ၎င်းတို့သည် နိုင်ငံရေး ပြစ်မှုများဖြင့် အဖမ်းခံ ထားရခြင်း ဖြစ်သည်။ ထို (၁၉) ဦး အနက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ မဟာမိတ်များလည်း ပါ၀င်ပြီး ဘုန်းတော်ကြီး (၅) ပါးလည်း ပါရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာ အကဲခတ်များ ကမူ မြန်မာ စစ်အစိုးရအနေနှင့် ယခုကဲ့သို့ ထောင်သားများ အတွင်း နိုင်ငံရေး အကျဉ်းသား အနည်းငယ်ကို ရောနှောလွှတ်ပေးကာ ကမာ္ဘ့အလယ်တွင် ဒီမိုကရေစီ ကူးပြောင်းရေးအား ကြွေးကြော်ပြီး နိုင်ငံရေး အမြတ်ထုတ် သွားခြင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here